မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများ - အလုပ်ခေါ်စာ ကြေညာချက်များ

ဤစာမျက်နှာတွင် MIMU နှင့် MIMU ၏ ထုတ်ကုန်များ နှင့် ပတ်သတ်၍ မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများ ကို စုစည်း တင်ပြထားပါသည်။ MIMU ၏ ထုတ်ကုန်များတွင် တည်နေရာဆိုင်ရာ အချက်အလက်များ၊ မြေပုံများ၊ HDP Nexus 5W ထုတ်ကုန်များ၊ အခြေခံဒေတာများသာမက နိုင်ငံအဝှမ်းရှိ လူသားချင်း စာနာထောက်ထားမှု၊ ဖွံ့ဖြိုးရေး နှင့်  ငြိမ်းချမ်းရေး လုပ်ငန်းများကို အထောက်အကူပြု‌သော အခြားအရင်းအမြစ်များလည်း ပါရှိပါသည်။ အကြံပြုချက်များနှင့် မှတ်ချက်များအား ကြိုဆိုလျက်ရှိ ပြီး [email protected] သို့ ပေးပို့ ဆက်သွယ်နိုင်ပါသည်။

MIMU မှတစ်ဆင့် မည်သည့် အလုပ်ခေါ်စာများကို ဝေမျှနိုင်ပါနည်း။

MIMU အလုပ်ခေါ်စာ စာမျက်နှာများသည် မြန်မာနိုင်ငံရှိ လူသားချင်း စာနာ ထောက်ထားမှုနှင့်  ဖွံ့ဖြိုးရေး အဖွဲ့အစည်းများရှိ အရည်အချင်း ပြည့်ဝသော ၀န်ထမ်းများကို ဆွဲဆောင်ရန်နှင့် ထိန်းသိမ်းထားရန် အတွက် ဖြစ်ကာ ၎င်းတို့သည် လူသားချင်း စာနာထောက်ထားမှု၊ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော လုပ်ငန်းများ၌ အကျိုးအမြတ် မယူသော အလုပ်များကိုသာ အာရုံစိုက်သည့် အဖွဲ့အစည်းများအတွက် အသုံးပြုရန် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ ၎င်းတို့တွင် မြန်မာနိုင်ငံသားများနှင့် အပြည်ပြည်ဆိုင်ရာ များအတွက် အလုပ်‌ခေါ်စာ စာမျက်နှာများရှိသည်။ ၎င်းသည် အလုပ်ခေါ်စာ ကြေညာချက်များကို မျှဝေရန် ၀န်ဆောင်မှုတစ်ခုသာ ဖြစ်ပြီး MIMUသည် MIMU ပြင်ပရှိ ရာထူးများနှင့် သက်ဆိုင်သည့် မည်သည့် အလုပ်ခန့်အပ်မှုတွင်မှ ပါဝင် ပတ်သက်ခြင်း မရှိပါ။

ဤ၀န်ဆောင်မှုသည် စီးပွားဖြစ် (သို့) ပုဂ္ဂလိကကဏ္ဍ အလုပ်အကိုင်များနှင့် ပတ်သတ်သော အလုပ်ခေါ်စာများ အတွက် ဖွင့်လှစ်ထားခြင်းမဟုတ်ပေ။

မည်သူတို့က အလုပ်ခေါ်စာကြေညာချက်များ တင်သွင်းနိုင်သနည်း။

ဤ၀န်ဆောင်မှုကို အကျိုးအမြတ်မယူသော လူသားချင်း စာနာထောက်ထားမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးနှင့် ဆိုင်သော ၀န်ဆောင်မှုများ သို့မဟုတ် လုပ်ငန်းဆောင်ရွက်သော အေဂျင်စီများနှင့် အဖွဲ့အစည်းများအတွက်သာ ရရှိနိုင်ပါသည် - ဤ၀န်ဆောင်မှုကို အသုံးပြုရန်အတွက် အေဂျင်စီကို MIMU ဆက်သွယ်ရန် စာရင်းတွင် စာရင်းသွင်းရပါမည်

အလုပ်ခေါ်စာ ကြေညာချက်များတစ်ခုကို ကျွန်ုပ်တို့ မည်သို့ တင်ပြရမည်နည်း။

သင်၏ အလုပ်ခေါ်စာ ကြေညာချက်ကို ပင်မစာမျက်နှာမှ “အလုပ်ခေါ်စာများ” အောက်ရှိ “အလုပ်ခေါ်စာတင်ရန်” ကို နှိပ်၍ တင်နိုင်သည်။

အလုပ်ခေါ်စာ ကြေညာချက်ကို ပထမဆုံးအကြိမ် တင်သွင်းပါက ကျေးဇူးပြု၍ User Manual for Job Submission ဖတ်ပါ။

MIMUတွင် မှတ်ပုံတင်ထားသော အေဂျင်စီများက အလုပ်ခေါ်စာများကို ဤစာမျက်နှာများသို့ တိုက်ရိုက် တင်ပို့နိုင်သည် - MIMU သည် ပေးထားသော သတင်း အချက်အလက်များကို ပြောင်းလဲခြင်း မရှိပေ။ အချို့သော ပို့စ်များသည် နိုင်ငံတကာနှင့် နိုင်ငံသားများ နှစ်မျိုးလုံးအတွက် ဖြစ်နိုင်သည်။

  • MIMU ဆက်သွယ်ရန်စာရင်းတွင် ရှိနှင့်ပြီးသော အေဂျင်စီများနှင့် အဖွဲ့အစည်းများသည် Submit a Vacancy Notice မှတဆင့် တိုက်ရိုက် တင်နိုင်ပါသည်။
  • MIMU၏ ဆက်သွယ်ရန်စာရင်းတွင် မပါ၀င်သော အေဂျင်စီများနှင့် အဖွဲ့အစည်းများအား the MIMU Contact List Registration Form   ဖြည့်ပြီး မှတ်ပုံတင်ကြရန် တိုက်တွန်းပါသည်။ MIMU ဆက်သွယ်ရန်စာရင်း မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို ဆက်လက်လေ့လာလိုပါက [email protected] သို့ ဆက်သွယ်ပါ သို့မဟုတ် 02305663 (Ext: 101) သို့မဟုတ် 09-774077762 ကို တိုက်ရိုက်ဆက်သွယ်ပါ။

MIMU ဝက်ဘ်ဆိုက်တွင် အလုပ်ခေါ်စာ ကြေညာချက် ဖော်ပြရန် အချိန်မည်မျှကြာသနည်း။

ထုတ်ပြန်ကြေညာချက်များကို MIMU မှစစ်ဆေးပြီး ၁-၂ ရက်အတွင်း အွန်လိုင်းတွင် ပေါ်လာပါမည်။ အကယ်၍ သင်သည် MIMU Job Submission Form ကို သင်၏ ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခြင်း သို့မဟုတ် သင်၏အဖွဲ့အစည်းသည် MIMU Contact Listတွင် မှတ်ပုံတင်ထားခြင်းမရှိပါက ၎င်းကို မတင်မီ MIMU Contact List Registration Form ကို ဦးစွာ ပြည့်စုံအောင် ဖြည့်စွက်ရပါမည်။

တင်သွင်းလာသော ပို့စ်များအား အလုပ်အကိုင် စာမျက်နှာများပေါ်တွင် စစ်ဆေးဆောင်ရွက်ပြီး ၁ ရက်၊ ၂ ရက်အတွင်း ပုံနှိပ်ထုတ်ဝေမည်ဖြစ်ပြီး ပို့စ်အတွက် သတ်မှတ်ထားသော နောက်ဆုံးရက်အပြီး၌ အလိုအလျောက် ဖယ်ရှားမည် ဖြစ်ပါသည်။ တင်ပြပြီးနောက် သင်၏ ကြေငြာချက်ကို ပြန်လည်ပြင်ဆင်ရန် သို့မဟုတ် တည်းဖြတ်ရန် [email protected] သို့ ဆက်သွယ်ပါ။

၀က်ဘ်ဆိုဒ်ပေါ်တွင် အလုပ်ခေါ်စာ ကြေညာချက်သည် မည်မျှကြာအောင် ရှိနေမည်နည်း။

ကြေညာချက်အားလုံးကို သတ်မှတ်ထားသော နောက်ဆုံးနေ့ပြီးနောက် အလိုအလျောက်ဖယ်ရှားပါသည်။