မြန်မာ့ ပညာရေးကဏ္ဍ စုစည်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Myanmar Education Cluster)

ပညာရေးသည် အခြေခံ လူ့အခွင့်ရေးဖြစ်ပြီး ပဋိပက္ခနှင့် သဘာ၀ ဘေးအန္တာရာယ် ဒါဏ်ခံစားခဲ့ရသော ကလေး သူငယ်နှင့် လူငယ်များအတွက် ပညာ ဆက်လက် သင်ယူနိုင်ခွင့် ရရေးသည် အထူးသဖြင့် အလွန်ရေးကြီးသည်။ ခက်ခဲကြပ်တည်းမှု ခံစားနေရသော ကလေးသူငယ်များနှင့် လူငယ်များအတွက် လုံခြုံပြီး အရည်အသွေးရှိသော ပညာရေး အခွင့်အလမ်းများ လက်လှမ်းမှီရန်အတွက် UN အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း ပြည်ပ အဖွဲ့များ၊ ရပ်ရွာအခြေပြု လူမှုရေး အဖွဲ့များ၊ ဒေသခံ အဖွဲ့အစည်းများ အားလုံးပါဝင်သော ပညာရေး ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများသည်  မရှိမဖြစ် လိုအပ်ပါသည်။

ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်နှင့် ပါဝင်ဆောင်ရွက်နေသူများ (actors)၊ သက်ဆိုင်ရာ ကဏ္ဍများ (sectors)၊ ကဏ္ဍအလိုက် စုစည်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့များ (clusters)၊ နယ်ပယ်အလိုက် တာဝန်ခံအဖွဲ့များ (AORs)အကြား ကောင်းမွန်သော နမူနာပြု နိုင်သော လုပ်ဆောင်မှုများကို ဝေမျှရန်အလို့ငှာ အရေးပေါ် ကာလ ပညာရေး ဖြစ်စဉ်များ၊ လုပ်ဆောင်မှုများ၊ အစည်း အဝေးများ နှင့် ရင်းမြစ်များကို ပညာရေး မိတ်ဖက်အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် စုစည်း တင်ပြထားခြင်း ဖြစ်ပါသည်။ 

Education Cluster Dashboards

 ..   

Education Cluster Capacity Mapping Dashboard
 
ဤ dashboard သည် ပညာရေး မိတ်ဖက်အဖွဲ့များမှ ၎င်းတို့ လက်ရှိတွင် တည်ရှိနေသော မြို့နယ်များနှင့် မြို့နယ် တခုစီတွင် လုပ်ဆောင်နေသော ပညာရေး အစီအစဉ်များကို၊ အရေးပေါ်အတွက် သိုမှီးထားသော ပညာရေး အထောက်အကူပြု ပစ္စည်းများ စသည့် သတင်း အချက်အလက်များကို အခြေခံ၍ ဖော်ပြထားခြင်း ဖြစ်သည်။ ပညာရေး မိတ်ဖက်အဖွဲ့များ၏ ကြိုတင် ပြင်ဆင်နိုင်မှု ပိုမိုအားကောင်းရန် နှင့် အရေးပေါ် အခြေအနေ သက်ရောက် သည်နှင့် လုပ်ဆောင်ရမည်များ လျှင်မြန်စွာ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ပါသည်။
CapacityMappingDashboard
 
CapacityMapping

Education Cluster Monitoring Tool (5W) Dashboard
 
ဤ dashboard သည် ပညာရေး ကဏ္ဍ စုစည်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့၏ ပံ့ပိုးမှုများ လေ့လာ သုံးသပ်မှု ဇယား (ECMT, or 5W) အတွက် ပေးပို့သော သတင်း အချက်အလက်များကို အခြေခံထားပါသည်။ ပညာရေး မိတ်ဖက် အဖွဲ့များ၏ ပညာရေးဆိုင်ရာ လူသားချင်း စာနာသည့် အထောက်အကူ ပြုမှုများကို ခြုံငုံတင်ပြရန်နှင့် မြန်မာနိုင်ငံရှိ ကလေးငယ်များ ပညာသင်ယူနိုင်ရေး ပိုမို ကောင်းမွန်စွာ အထောက်အကူ ပြုနိုင်ရန် အတွက် လိုအပ်နေသည်များကို ဆန်းစစ်နိုင်ရန် ရည်ရွယ်ပါသည်။ 
ECMT Dashboard

Education Cluster Meetings Calendar

 ..   
 
ဆက်လက် ပြုလုပ်မည့် ပညာရေးဆိုင်ရာ အစည်းအဝေးများနှင့် လုပ်ဆောင်မှုများကို https://themimu.info/education-cluster-calendar တွင် ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။
Education Cluster Meetings Calendar

Key Contacts

Cluster Coordinator: Catherine Mercy - [email protected]

Cluster Coordination Specialist: Harry Aung - [email protected]

Information Management: Hnin Su Wai - [email protected]

Sub-national Coordinators:

  • Northwest Education Cluster (Chin excl. Paletwa, Magway, Mandalay, Sagaing):
Nay Myo Oo - [email protected]
  • Northeast Education Cluster (Kachin, Northern Shan):
  • Rakhine Education Cluster (Rakhine, Southern Chin - Paletwa):
Kyaw San Hla - [email protected]
  • Southeast Education Cluster (Eastern and Southern Shan, Kayah, Bago, Kayin, Mon, Tanintharyi):
Zin Mar Thet - [email protected]

Core Documents

File Format Size Upload Date
Myanmar Education Cluster Strategy 2022-25 pdf
3.03 MB 27-Apr-2022
Myanmar Humanitarian Response Plan 2022 pdf
21.7 MB 27-Apr-2022
Myanmar Humanitarian Needs Overview 2022 pdf
23.06 MB 27-Apr-2022

Sub-National Clusters

 ..   

ပညာရေးကဏ္ဍ စုစည်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့၏ လက်ရှိ ဖွဲ့စည်းမှုတွင် ပြည်နယ်နှင့် တိုင်းအဆင့် ပညာရေး စုစည်း ညှိုနှိုင်းရေးအဖွဲ့ ၆ ဖွဲ့ပါဝင်ပါသည်။ ၎င်းအဖွဲ့များသည် ချင်း၊ မကွေး၊ စစ်ကိုင်း၊ ရခိုင်၊ ကချင်၊ ရှမ်း၊ ကယား၊ နှင့် အရှေ့တောင်ပိုင်း (ကရင်၊ မွန်၊ အရှေ့ပဲခူး၊ နှင့် တနင်္သာရီ) ပြည်နယ်နှင့် တိုင်းများကို လွှမ်းခြုံ ထည့်သွင်း ဆောင်ရွက်ပါသည်။

Rakhine

File Format Size Upload Date
EiE Sector Standards Rakhine pdf
165.05 KB 27-Apr-2022

Kachin

File Format Size Upload Date
Kachin Contingency Plan pdf
375.62 KB 27-Apr-2022

Southeast

File Format Size Upload Date
Southeast Contingency Plan pdf
391.42 KB 27-Apr-2022

Meetings, Updates and Presentations

-
File Format Size Upload Date
October National Coordination Meeting Agenda docx
33.05 KB 16-Nov-2022
September National Coordination Meeting Agenda docx
33.4 KB 16-Nov-2022
August meeting agenda docx
32.05 KB 02-Sep-2022
July Meeting Agenda docx
32.41 KB 04-Aug-2022
June Meeting Agenda docx
31.54 KB 30-Jun-2022
May Meeting Agenda docx
31.76 KB 25-May-2022
2022 - 01 January
File Format Size Upload Date
April Meeting Agenda docx
31.78 KB 27-Apr-2022

Education Resources & Technical Guidelines

 ..   
File Format Size Upload Date
Inclusive Education Resources pdf
3.73 MB 27-Apr-2022

Useful Resources from Other Sectors, Clusters & AoRs

 ..   

ကျား၊မအခြေပြုဆိုင်ရာ အကြမ်းဖက်မှု

ကျား၊မအခြေပြုဆိုင်ရာ အကြမ်းဖက်မှုဖြစ်ပွားပါက အောက်ပါ အကူအညီပေးသော hotlines များကို ဆက်သွယ်နိုင်ပါသည်။

  • အပြုံးပန်း ကူညီရေးဖုန်း - မြန်မာနိုင်ငံရှိ မသန်စွမ်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အတွက် အကူအညီ ပေးခြင်း၊ တရား ဥပဒေအရ ထောက်ပံ့ပေးခြင်း နှင့် သက်ဆိုင်ရာ ကူညီမည့်သူထံ ချိတ်ဆက်ခြင်းများ လုပ်ဆောင် ပေးပါသည်။ ဖြစ်ရပ်ဆိုးများမှ လွတ်မြောက်လာသည့် အကြားအာရုံ ချို့ယွင်း နေသူများအတွက် ခြေလက် အမူအရာဖြင့် ပြောဆို ဆက်သွယ်ပြီး စကားပြန်ပေးခြင်းများ ပံ့ပိုးပေးသည်။ အကူအညီရရန် ဆက်သွယ်ရမည့် ဖုန်းလိုင်းသည် တနင်္လာနေ့မှ စနေနေ့အထိ မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဖုန်း - ၀၉၇၆၅၇၇၇၈၉၀၊ ၀၉၉၅၉၇၇၇၈၉၀ နှင့် viber နံပတ် ၀၉၄၂၆၇၇၇၈၉၀ (ခြေလက်အမူအရာဖြင့် ပြောဆို ဆက်သွယ်ပြီး စကားပြန်ပေးမှု) သို့မဟုတ် Facebook မှတဆင့် ဆက်သွယ်နိုင်ပါသည်။ အသေးစိတ် သတင်း အချက်အလက်များကို ဤလင့်  link တွင် ဝင်ရောက် ကြည့်ရှု့နိုင်ပါသည်။
  • နားထောင်ပေးမယ်နော် hotline ဖုန်း -  မြန်မာနိုင်ငံရှိ အမျိုးသမီးနှင့် မိန်းကလေးငယ်များအား ကျား၊မ အခြေပြုဆိုင်ရာ အကြမ်းဖက်မှု ကိစ္စရပ်များ စီမံခန့်ခွဲခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ပံ့ပိုးမှု ပေးခြင်း၊  သက်မွေးဝမ်းကြောင်းနှင့် သက်ဆိုင်ရာ ကူညီမည့်သူထံ ချိတ်ဆက် ပေးခြင်းများကို ကူညီ လုပ်ဆောင် ပေးပါသည်။ hotline မှာ တပတ်တွင် ၇ ရက် မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ ဆက်သွယ်နိုင်ပြီး၊ ဖုန်း ၀၉၇၇၇ ၂၀၆၀၃၅ ကို တနင်္လာနေ့မှ သောကြာနေ့ မနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ၊ ဖုန်း ၀၉၈၈၉ ၅၇၀၅ ၈၆ ကို တနင်္လာနေ့မှ သောကြာနေ့ ညနေ ၄ နာရီ မှ နေ့လည် ၁၂ နာရီ အထိ၊ ၀၉ ၇၆၅ ၁၄၉ ၄၁၁ ကို စနေ တနင်္ဂနွေ မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ အထိ ဆက်သွယ် နိုင်ပါသည်။ Hotline ကို  Facebook မှလည်း ဆက်သွယ် နိုင်ပါသည်။
  • ၂၄ နာရီ justice hotline ဖုန်း - တရား ဥပဒေရေးရာ အကြံဉာဏ်များ ပေးခြင်း၊ ဆွေးနွေး တိုင်ပင်ခြင်းနှင့် ဥပဒေအရ ရပိုင်ခွင့်ဆိုင်ရာ သတင်း အချက်အလက်များ နှင့် ကလေးသူငယ်များ အတွက် တရားမျှတမှု ရယူရန် အကူအညီ လိုအပ်ပါက (ဖုန်းနံပတ် အရှည် - ၀၉၇၅၅၅၅၅၄၊ ဖုန်းနံပတ် အတို - ၅၅၅၄) ကို ဆက်သွယ် နိုင်ပါသည်။
  • ဖုန်းခေါ်လိုက်ပါ ကူညီရေးဖုန်း - အခြေခံ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ၊ သတင်း အချက်အလက် မျှဝေခြင်းများ၊ လုံခြုံရေး အတွက် စီစဉ်ခြင်းများ နှင့် သက်ဆိုင်ရာ ကူညီမည့်သူထံ ချိတ်ဆက်ပေးခြင်း များကို မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အတွက် ပံ့ပိုးပေးပါသည်။ မြန်မာ ဘာသာစကား အပြင် ရခိုင်၊ ချင်း၊ ကရင် (ပိုး)၊ ကရင် (စကော)၊ ကချင် နှင့် ပအို့ဝ် စသည့် တိုင်းရင်းသား ဘာသာစကားများဖြင့်လည်း အောက်ပါ အချိန်ဇယား အတိုင်း ဖြေကြားပေးပါသည်။ မနက် ၉ နာရီမှ ည ၉ နာရီအတွင်း နေ့စဉ် ဖုန်း ၀၉၇၈၉၁၂၂၆၄၉ သို့ ခေါ်ဆို နိုင်ပါသည်။ အသေးစိတ် အချက်အလက်များ ထပ်မံ သိရှိလိုပါက ဤ  link တွင် ဖတ်ရှု့နိုင်ပါသည်။
ဖြေကြားပေးနိုင်သောဘာသာစကား နေ့ရက် အချိန်
ရခိုင် ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီ မှ ညနေ ၆ နာရီ
ချင်း စနေနေ့ မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ
ကရင် (ပိုး) သောကြာနေ့ မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ
ကရင် (စကော) စနေနေ့ နေ့လည် ၁၂ နာရီ မှ ညနေ ၃ နာရီ
တနင်္ဂနွေနေ့ ညနေ ၃ နာရီ မှ ညနေ ၆ နာရီ
ကချင် စနေနေ့ ညနေ ၃ နာရီ မှ ညနေ ၆ နာရီ
ပအို့ဝ် စနေနေ့ ညနေ ၃ နာရီ မှ ညနေ ၆ နာရီ

 

ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး

GECနှင့် အခြား သက်ဆိုင်ရာ နယ်ပယ် အလိုက် တာဝန်ခံ အဖွဲ့များ (AORs) ပူးပေါင်းပြီး ကိုယ်ပိုင် အချိန်နှုန်းဖြင့် လေ့လာနိုင်သော “ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး” သင်ခန်းစာကို Global Education Cluster (GEC) မှ စတင်ခဲ့ပါသည်။ ၎င်းသည် မိနစ် ၅၀ ကြာမြင့်ပြီး အွန်လိုင်းမှ လေ့လာနိုင်သော ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး မိတ်ဆက် သင်ခန်းစာ ဖြစ်သည်။ ကလေးသူငယ် စောင့်ရှောက်ရေးနှင့် လိင်ပိုင်းဆိုင်ရာ စော်ကား အမြတ်ထုတ်ခြင်းမှ ကာကွယ်ပေးခြင်း တို့၏ ခြားနားပုံကို ရှင်းလင်း ထားသည်။ ထို့အပြင် ပညာရေး ကဏ္ဍ စုစည်း ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် အဖွဲ့ဝင်များနှင့် အရေးပေါ် ကာလ ပညာရေးအတွက် လုပ်ဆောင်သော အဖွဲ့များမှ ၎င်းတို့၏ ပူးပေါင်း ဆောင်ရွက်မှုများတွင် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး ကို မည်သည်ကြောင့်နှင့် မည်သို့ ထည့်သွင်းနိုင်သည်ကို ရှင်းပြထားပါသည်။ စုစည်း ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် အဖွဲ တဖွဲ့စီအနေဖြင့် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးကို မည်သို့ တာဝန်ယူ ဆောင်ရွက်နိုင်ကြောင်းကို လွှမ်းခြုံဖော်ပြထားသည်။ ဤသင်ခန်းစာမှာ ပညာရေးကဏ္ဍ စုစည်း ပူးပေါင်း ဆောင်ရွက်ရေး (Education Cluster)/ အရေးပေါ် ကာလပညာရေး ညှိုနှိုင်း ဆောင်ရွက်ရေးအဖွဲ့များ (EiE Working Groups) အတွက် အဓိက ရည်ရွယ်သော်လည်း အခြား မိတ်ဖက်အဖွဲ့များ (other Clusters)၊ နယ်ပယ်အလိုက် တာဝန်ခံ အဖွဲ့များ (AORs)၊ ကဏ္ဍရပ်များ (Sectors) အတွက်လည်း သင့်လျော်ကြောင်း UNICEF နှင့် GEC တို့မှ ထောက်ခံထားသည်။

စိတ်ဝင်စားပါက AGORA (UNICEF သင်ကြားယူ လေ့လာရေး ဝက်ဘ်ဆိုက်) တွင် အင်္ဂလိပ်ဘာသာဖြင့် အခမဲ့ အွန်လိုင်းတက်ရောက်နိုင်ပါသည်။ https://agora.unicef.org/course/info.php?id=34857

သင်ခန်းစာ တက်ရောက်နိုင်ကြောင်းကို မိမိ၏အဖွဲ့နှင့် အခြား လုပ်ဖော်ကိုင်ဖက်များအား ပြန်လည်မျှဝေပေးစေ လိုပါသည်။ (သင်ခန်းစာပြီးမြောက်ရန် မိနစ် ၅၀ သာကြာမြင့်ပါသည်။)

မိုင်းအန္တရာယ်အသိပညာပေးရေး

အပြန်အလှန် သင်ယူနိုင်မည့် ယခု မိုင်းအန္တရာယ် အသိပညာပေး သင်တန်းသည် မြန်မာနိုင်ငံအတွက် ဖြစ်ပါသည်။ ယခုသင်တန်းသည် မိနစ် ၅၀ ခန့် ကြာမြင့်မည် ဖြစ်ပြီး အဓိက ပညာပေးသတင်း စကားများ ဖြစ်သည့် မိုင်းအန္တရာယ်ကို ထိခိုက် ခံစားနေကြရသော ဒေသများတွင် မြေမြှုပ်မိုင်းများ၊ မပေါက်ကွဲသေးသော လက််နက် ပစ္စည်းများနှင့် အခြားသော ပေါက်ကွဲပစ္စည်းများမှ မည်ကဲ့သို့ အန္တရာယ်ကင်းစွာ နေရမည်၊ ထိခိုက်ဒဏ်ရာရ မှုများနှင့် အသက် သေဆုံးမှုများကို မည်ကဲ့သို့ ကာကွယ်ရမည် ဆိုသည်ကို သင်ယူနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် အန္တရာယ်ရှိသော နေရာများ၊ သံသယဖြစ်စရာ ကောင်းသော ပစ္စည်းများနှင့် နေရာများကို မည်ကဲ့သို့ သိရှိနိုင်မည်၊ ထိုသံသယ ဖြစ်စရာကောင်းသော ပစ္စည်းများနှင့် နေရာများကို တွေ့ရှိလျှင် မည်ကဲ့သို့ ပြုလုပ်သင့်သည် နှင့် အန္တရာယ်ကင်းသော နည်းလမ်းများကို မလိုက်နာလျှင် မည်ကဲ့သို့ ဖြစ်လာနိုင်သည် ဆိုသည်ကို လေ့လာနိုင်မည် ဖြစ်ပါသည်။

သို့အတွက်ကြောင့် ယခု သင်တန်းတွင် သင်နှင့် သင်၏မိသားစု လုံခြုံမှုအတွက် ပေါက်ကွဲပစ္စည်းများနှင့် ၎င်းတို့၏ အန္တရာယ်များ၊ မလုပ်ဆောင် သင့်သည့်အရာများ နှင့် လုပ်ဆောင်သင့်သည့်အရာများကို သင်ယူနိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ပညာပေး သတင်းစကားများကို သေချာစွာ လေ့လာ သင်ယူပြီး ပေးထားသော သင်ခန်းစာများကို သေချာစွာ လုပ်ဆောင်ပေးပါ။

စိတ်ဝင်စားပါကအောက်ပါလင့်တွင် download လုပ်ပြီးတက်ရောက်နိုင်ပါသည်။

https://play.google.com/store/apps/details?id=com.NGO.MREEnglish&hl=en   
https://apps.apple.com/us/app/mre-myanmar-english/id1474917221   

မိုင်းအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကိုလည်း download လုပ်ရယူနိုင်ပါသည်။
https://www.mediafire.com/folder/5y9ucf4cne8ac/EORE_Tools_2022

AMRF ဆိုသည်မှာအဘယ်နည်း။

Access Monitoring and Reporting Framework (AMRF) ဆိုသည်မှာ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီပေးမှုများ ပြုလုပ်ရာတွင် ဆက်သွယ် သွားလာရေး အခက်အခဲကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များ အကြောင်းကို စာရင်းပြုစုရန်နှင့် စမ်းစစ်လေ့လာရန် OCHA မှ ကမ္ဘာတဝှမ်းလုံးတွင် အသုံးပြု သော မူဘောင်ဖြစ်သည်။ AMRF တွင် ဆက်သွယ် သွားလာရေး အခက်အခဲရှိသော အခြေအနေများနှင့် ထိုသို့ ခက်ခဲမှုကြောင့် မည်သည့် အကျိုးဆက်များရှိသည်ကို စာရင်းပြုစုထားပါသည်။ အောက်ပါစာတမ်းများတွင် အသေးစိတ်လေ့လာနိုင်ပါသည်။