အကူအညီပေးရေးမူဝါဒနှင့် ညှိနှိုင်းဆွေးနွေးမှု

၂၀၁၃ ဇန်နဝါရီလတွင် ကျင်းပခဲ့သော ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်တွင် မြန်မာအစိုးရနှင့် ဖွံ့ဖြိုး တိုးတက်ရေး မိတ်ဖက် အဖွဲ့အစည်းများက ထိရောက်သော ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက် မှု နေပြည်တော် သဘောတူညီချက်ကို အတည်ပြုခဲ့ကြပါသည်။ နေပြည်တော် သဘောတူညီချက် အရ မြန်မာ အစိုးရအနေ ဖြင့် အမျိုးသား အဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်နှင့် ကဏ္ဍ အလိုက်/ အကြောင်းအရာ အလိုက် အဆင့်များတွင် ဖွံ့ဖြိုး တိုးတက်မှု မိတ်ဖွဲ့ အဖွဲ့အစည်းများနှင့် နိုင်ငံတော်မှ ဦးဆောင်သော ပုံမှန် ဆွေးနွေးပွဲများ ပြုလုပ်နိုင်မည့် စနစ်များကို ဖန်တီး ဆောင်ရွက်ရန် ဖြစ်ပြီး ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများ ဘက်မှ မြန်မာအစိုးရ၏ ဖွဲ့စည်းမှု ပုံသဏ္ဌာန်နှင့် အညီ စီမံခန့်ခွဲနိုင်သော ဝန်ကြီးဌာနမှ ဦးဆောင်သည့် ကဏ္ဍအလိုက်နှင့် အကြောင်းအရာ အလိုက် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ကူညီပံ့ပိုးရန်နှင့် အလုပ်အဖွဲ့များ အဆမတန် ပေါ်ပေါက်လာခြင်းကို ရှောင်ရှား ကြရန် ဖြစ်ပါသည်။

အဆိုပါ သဘော တူညီချက်အရ ၂၀၁၃ ခုနှစ်တွင် မြန်မာအစိုးရသည် ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက် အဖွဲ့အစည်းများနှင့် ဆွေးနွေး ညှိနှိုင်း၍ အောက် ဖော်ပြပါ ကဏ္ဍ ၃ ရပ် ပါဝင်သည့် ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းမှု မူဘောင်ကို ချမှတ်ခဲ့ပါသည်။

    မြန်မာ့အလှူရှင် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်

       

    အစည်းအဝေးများ၏ အစီရင်ခံစာများ

    ငွေကြေး အကူအညီထောက်ပံ့မှု

      

    အစီရင်ခံစာများနှင့် ထုတ်ဝေမှုများ

     

    ၎င်းကဏ္ဍတွင် သတင်း အချက်အလက် (သို့မဟုတ်) လက်တွေ့ လုပ်ဆောင်ချက်များ နှင့် သက်ဆိုင်သော အသေးစိတ် အစီရင်ခံစာများ ပါဝင်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံ အတွက် သာမက နိုင်ငံတကာ အတွက်ပါ ပါဝင်ပါသည်။