လူသားချင်းစာနာထောက်ထားမှု-ဖွံ့ဖြိုးတိုးတက်မှု-ငြိမ်းချမ်းရေး “သုံးခုချိတ်ဆက်မှု”

ဤစာမျက်နှာ တွင် လူသားချင်းစာနာထောက်ထားမှု-ဖွံ့ဖြိုးတိုးတက်မှု-ငြိမ်းချမ်းရေး “သုံးခုချိတ်ဆက်မှု” နှင့် သက်ဆိုင်သည့် အချက်အလက်များ၊ လေ့လာစရာများ၊ အညွန်း စာရွက်စာတမ်းများ၊ နှင့် ထုတ်ပြန်မှု များ ကို စုစည်း ထားသည်။

“သုံးခုချိတ်ဆက်မှု” သည် လူသားချင်းစာနာထောက်ထားမှု-ဖွံ့ဖြိုးတိုးတက်မှု-ငြိမ်းချမ်းရေး ကဏ္ဍများ အကြား ပူးပေါင်း လုပ်ဆောင်ပြီး လူများ၏ လိုအပ်ချက် များကို ဖြည့်ဆည်းရန်၊ ထိခိုက်လွယ်မှု နှင့် အန္တာရယ်များ ကို သက်သာစေရန်၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းသော ရလဒ် တစ်ခု ရစေရန် ရည်ရွယ်သည်။

လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက် များကို အချိန်မှီ ဖြည့်ဆည်းရန် အရေးကြီး သကဲ့သို့ ရရှိပြီး သော တိုးတက်မှု များ ကို ထိန်းသိမ်းရန် နှင့် ရေရှည်အတွက် ဒေသခံ များ ၏ လုပ်နိုင်စွမ်း နှင့် အရင်းအမြစ် များ အပေါ် တွင် လည်း ရင်းနှီးမြုပ်နှံ ရန် လိုအပ်ကြောင်း ကို ဤချဉ်းကပ်မှု က အသိအမှတ်ပြု သည်။ လူသားချင်းစာနာထောက်ထားမှု-ဖွံ့ဖြိုးတိုးတက်မှု-ငြိမ်းချမ်းရေး အလုပ်များ တွင် အခြေခံ လူ့အခွင့်အရေး များ ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ နေရာထိုင်ခင်း အစရှိသည် တို့ကို ကာကွယ်ပေးရန် လိုပြီး ပြသာနာ များ ကို ပိုဆိုး စေနိုင်သည့် ဖယ်ကြင်ထားမှု၊ မျိုးရိုးစဉ်ဆက် ဆင်းရဲမွဲတေမှု စသည့် အချက်များ ကို လည်း ဖြေရှင်းရ မည်။

“သုံးခုချိတ်ဆက်မှု” နည်းလမ်း တွင် လုပ်ကိုင်မှု နည်းလမ်း အသစ် တစ်ခု New Way of Working (NWOW) ပါဝင်ပြီး ၎င်း သည် သုံးခု ကြားမှ အတားအဆီး ကန့်သတ်မှု များ ကို ကျော်ဖြတ်ပြီး နိုင်ငံအဆင့် ၊ ဒေသ အဆင့် စံနှုန်း များ ကို အားဖြည့်ပေးသည်။ ထို့အပြင် အကျပ်အတည်း များ ကို လည်း ကြိုတင်ပြင်ဆင်ရန်

၁။ ဘုံရလဒ် အတွက်

၂။ နှစ်ရှည် စီမံကိန်း များ ဖြင့်

၃။ နှိုင်းယဉ် ချိန်ထိုး၍ အကျိုးအများဆုံး နည်းလမ်းဖြင့် လုပ်ဆောင်သည်။

၂၀၁၆ ကမ္ဘ့ာ လူသားချင်းစာနာထောက်ထားမှု ညီလာခံ တွင် “သုံးခုချိတ်ဆက်မှု” နှင့် NWOW ကို သဘောတူညီ ခဲ့ စဉ် က စ၍ UN အပါအဝင် အစိုးရများ၊ အလှူရှင်များ၊ NGO များ၊ အကျပ်အတည်း ဘေးအန္တာရယ် ရင်ဆိုင်နေရသော နိုင်ငံများ၊ ဒေသ ဆိုင်ရာ အဖွဲ့အစည်း များ နှင့် အခြား အဖွဲ့အစည်းများစွာ သည် စတင် လုပ်ဆောင် ၍ ရလဒ်များ မြင်လာရ ပြီ ဖြစ်သည်။

HDP Policies and Frameworks

Title Format Size Upload Date
IASC Issue Paper: Exploring Peace in the HDP Nexus pdf
850.54 KB 30-Nov-2022

HDP Online trainings

Title Format Size Upload Date
HDP Short Online Training pdf
198.41 KB 10-Jan-2023