MIMU ခွဲခြားစိတ်ဖြာခြင်း

မြန်မာနိုင်ငံရှိ ထိခိုက်လွယ်မှု အခြေအနေများ ကို ပိုမိုနားလည်ရန် ရနိုင်သမျှ အချက်အလက်များ အပေါ်အခြေခံ၍ ထုတ်ဝေခဲ့သော ခွဲခြမ်းစိတ်ဖြာခြင်း အစီရင်ခံစာများ ကို ဤစာမျက်နှာ တွင် စုဆောင်း ထားပေးသည်။ ၂၀၁၈ ထိခိုက်လွယ်မှု အခြေအနေ သုံးသပ်ချက် မှ နိုင်ငံတဝှမ်း မြို့နယ်အလိုက် သဘာဝ ဘေးအန္တရာယ်၊ ပဍိပက္ခ၊ ဖွံ့ဖြိုးမှု နောက်ကျခြင်း တို့မှ ဖြစ်လာသော ထိခိုက်လွယ်မှုများ ကို သိနိုင်သည်။ ထို့အပြင် ထိခိုက်လွယ်မှု နှင့် ဆက်စပ်ကာ လူသိနည်းနေသော၊ ဖြစ်ပေါ်လာနေသော အကြောင်းအရာများ အတွက် ဆန်းစစ် လေ့လာမှု အကျဉ်း များ လည်း ပြုလုပ်နေပြီး လူသားချင်း စာနာမှု နှင့် ဖွံ့ဖြိုးရေး အစီအစဉ်များ ကို အထောက်အကူ ပြုရန် ရည်ရွယ်သည်။

ဤ စာမျက်နှာ ပါ အကြောင်း အရာ များ အတွက် အကြံပြု လိုသည် ဖြစ်စေ၊ သင်၏ လုပ်ငန်းတွင် အကျိုးတရှိ အသုံးချခဲ့သည် ကို ပြောပြလို၍ ဖြစ်စေ ဆက်သွယ်ပါ - [email protected]
 

ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အချက်များ အခြေအနေ (၂၀၂၂)

 ..   
မြန်မာ သတင်း အချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) ၏ ဤ ဆန်းစစ် လေ့လာမှု အကျဉ်းသည် ရရှိနိုင်သော သတင်း အချက်အလက် အပေါ် အခြေခံ၍ မြန်မာနိုင်ငံရှိ လူသားချင်း စာနာထောက်ထားမှုနှင့် ဖွံဖြိုး တိုးတက်မှု ဆိုင်ရာ အထောက်အပံ့များနှင့် သက်ဆိုင်သည့် ရေပန်းစား ထွက်ပေါ်လာသော လေ့လာ စူးစမ်းမှု မရှိထားသော ကိစ္စရပ်များကို မီးမောင်း ထိုးပြလိုက်ပါသည်။
 
မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) ၏ ဤ စတုတ္ထအကြိမ် နှင့် နောက်ဆုံးဆန်းစစ် လေ့လာမှု အကျဉ်းသည် ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အချက်များအရ ပြောင်းလဲနေသည့် မြန်မာ့ ရေမြေတောတောင်ရှုခင်းကို အာရုံစိုက်ထားပြီး ယင်းအချက်များသည် လတ်တလော သုတေသနပြုချက်ကို ပြန်လည်သုံးသပ်ခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စံနမူနာပြုခြင်းနှင့် ရရှိနိုင်သော အချက်အလက်များအပေါ် အခြေခံ၍ လုပ်ဆောင် ထားခြင်းဖြစ်သည်။ ၎င်းသည် သဘာဝဘေးအန္တရာယ်နှင့် ထိတွေ့နိုင်ခြေရှိသော ပြောင်းလဲလာသော ဒေသများနှင့် လူဦးရေများကို ပြန်လည်သုံးသပ်ထားသည်။  ဤ ဆန်းစစ် လေ့လာမှု အကျဉ်း တွင် အခြားသူများ ခွဲခြမ်းစိတ်ဖြာစီစစ် ပြုလုပ်နိုင်ရန် narrative report နှင့် အတူ၊ data နှင့် methodology ပါဝင်ပါသည်။ ... read more
Climate, Environmental Degradation and Disaster Risk in Myanmar (2022)

အိမ်အသုံးအဆောင်ပစ္စည်းများ အခြေအနေ (၂၀၁၄ - ၂၀၁၉)

 ..   

မြန်မာ သတင်း အချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) ၏ ဤ ဆန်းစစ် လေ့လာမှု အကျဉ်းသည် ရရှိနိုင်သော သတင်း အချက်အလက် အပေါ် အခြေခံ၍ မြန်မာနိုင်ငံရှိ လူသားချင်း စာနာထောက်ထားမှုနှင့် ဖွံဖြိုး တိုးတက်မှု ဆိုင်ရာ အထောက်အပံ့များနှင့် သက်ဆိုင်သည့် ရေပန်းစား ထွက်ပေါ်လာသော လေ့လာ စူးစမ်းမှု မရှိထားသော ကိစ္စရပ်များကို မီးမောင်း ထိုးပြလိုက်ပါသည်။  မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) ၏ ဤ တတိယအကြိမ် ဆန်းစစ် လေ့လာမှု အကျဉ်းသည် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူထားသော စစ်တမ်းများမှ အချက်အလက်များအပေါ် အခြေခံ၍ ပြန်လည်သုံးသပ်ထားပြီး မြန်မာနိုင်ငံရှိ အိမ်ထောင်စုများ၏အသုံးအဆောင်ပစ္စည်းများကို အဓိကထားဖော်ပြထားသည်။  အိမ်အသုံးအဆောင်ပစ္စည်းများသည် လူသားတို့၏ ကျန်းမာရေး၊ ကုန်ထုတ်စွမ်းအားနှင့် လူမှုဘဝတစ်ခု လုံး၏ အရည်အသွေးကို အကျိုးသက်ရောက်လျက်ရှိပြီး ၎င်းသည် အိမ်ထောင်စု၏ လူနေမှုအခြေအနေအတွက် အရေးကြီးသော တိုးတက်မှုများကို ဖော်ပြသည်။ ... read more

Dashboard
 
ဤ Dashboard သည် အိမ်အသုံးအဆောင်ပစ္စည်းများ အခြေအနေကို အခြေခံ၍ ၂၀၁၄ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်ကြား အချက်အလက်အားဖြင့် ပေါ်လွင်အောင် ဆန်းစစ် လေ့လာမှုအား ဖော်ပြထားခြင်း ဖြစ်ပါသည်။ https://themimu.info/household-amenities-dashboard
Household Amenities in Myanmar (2014-2019) Dashboard

မြန်မာနိုင်ငံရှိ မသန်စွမ်းမှု အခြေအနေ (၂၀၁၄ - ၂၀၁၉)

 ..   

မြန်မာ သတင်း အချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) ၏ ဤ ဆန်းစစ် လေ့လာမှု အကျဉ်းသည် ရရှိနိုင်သော သတင်း အချက်အလက် အပေါ် အခြေခံ၍ မြန်မာနိုင်ငံရှိ လူသားချင်း စာနာထောက်ထားမှုနှင့် ဖွံဖြိုး တိုးတက်မှု ဆိုင်ရာ အထောက်အပံ့များနှင့် သက်ဆိုင်သည့် ရေပန်းစား ထွက်ပေါ်လာသော လေ့လာ စူးစမ်းမှု မရှိထားသော ကိစ္စရပ်များကို မီးမောင်း ထိုးပြလိုက်ပါသည်။  မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) ၏ ဤ ဒုတိယအကြိမ် ဆန်းစစ် လေ့လာမှု အကျဉ်းသည် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏အခြေအနေကို အဓိကထားဖော်ပြထားသည်။  အားလုံးပိုမိုပါဝင်သော အစပျိုးလုပ်ဆောင်မှုနှင့် မူဝါဒများဖော်ဆောင်ရာတွင် အရင်းအမြစ်တစ်ခုအဖြစ် အထောက်အပံ့ဖြစ်စေရန် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် နှစ်ခုအကြား မသန်စွမ်းသူဖြစ်ပွားမှုနှုန်းကို ပထမဆုံးအကြိမ်အဖြစ် နှိုင်းယှဉ်တင်ပြထားပါသည်။ ... read more

Dashboard
 
ဤ Dashboard သည် ‌မြန်မာနိုင်ငံရှိ မသန်စွမ်းမှု အခြေအနေကို အခြေခံ၍ ၂၀၁၄ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်ကြား အချက်အလက်အားဖြင့် ပေါ်လွင်အောင် ဆန်းစစ် လေ့လာမှုအား ဖော်ပြထားခြင်း ဖြစ်ပါသည်။ - https://themimu.info/disability-analysis
Disability in Myanmar (2014-2019) Dashboard

သောက်ရေ ရရှိနိုင်မှု ဆန်းစစ် လေ့လာမှု (၂၀၁၄-၂၀၁၉)

 

မြန်မာ သတင်း အချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) ၏ ဤ ဆန်းစစ် လေ့လာမှု အကျဉ်းသည် ရရှိနိုင်သော သတင်း အချက်အလက် အပေါ် အခြေခံ၍ မြန်မာနိုင်ငံရှိ လူသားချင်း စာနာထောက်ထားမှုနှင့် ဖွံဖြိုး တိုးတက်မှု ဆိုင်ရာ အထောက်အပံ့များနှင့် သက်ဆိုင်သည့် ရေပန်းစား ထွက်ပေါ်လာသော လေ့လာ စူးစမ်းမှု မရှိထားသော ကိစ္စရပ်များကို မီးမောင်း ထိုးပြလိုက်ပါသည်။ မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) ၏ ဤ ဆန်းစစ် လေ့လာမှု အကျဉ်းသည် သတင်း အချက်အလက် အနည်းငယ်သာ ရရှိနိုင်သည့် အကြောင်းအရာ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် သောက်ရေ ရရှိနိုင်မှုကို အာရုံစိုက် လေ့လာထားပါသည်။ ဤလေ့လာမှု သည် ပထမဆုံးအကြိမ် အဖြစ် ၂၀၁၄ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်ကြား သောက်ရေ ဝန်ဆောင်မှု အဆင့်အမျိုးမျိုးအား တိုင်းတာမှုများကို နှိုင်းယှဉ် သုံးသပ် ထားပါသည်။ ... read more

Dashboard
 
ဤ Dashboard သည် ‌မြန်မာနိုင်ငံတွင် သောက်ရေ ရရှိနိုင်မှုကို အခြေခံ၍ ၂၀၁၄ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်ကြား အချက်အလက်အားဖြင့် ပေါ်လွင်အောင် ဆန်းစစ် လေ့လာမှုအား ဖော်ပြထားခြင်း ဖြစ်ပါသည်။ - http://themimu.info/drinking-water-dashboard
Changing Sources of Drinking Water in Myanmar (2014-2019) Dashboard

မြန်မာ့ ညမြင်ကွင်း (၁၉၉၂-၂၀၂၀)

   

ညဘက် ဂြိုလ်တုဓာတ်ပုံများ သည် ကမ္ဘာ့ မျက်နှာပြင် ကို ဂြိုလ်တုများမှ  တနှစ်ပတ်လုံး  ရိုက်ကူး ထားသော ဓာတ်ပုံများ ကို သုံး၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ အာကာသ ထဲမှနေ၍ လူလုပ်အလင်း ကို မှတ်တမ်းတင်ထားသော အချက်အလက် အမြောက်အမြား ရှိ ပြီး ၎င်း တို့ကို အသုံးချထားသော သုသေသန လေ့လာမှု လည်း အများအပြား ရှိသည်။ လူတို့၏ နေ့စဉ်လှုပ်ရှားမှု များ နှင့် လူမှုရေး စီးပွါးရေး၊ လျှပ်စစ်မီးသုံးစွဲမှု၊ အလင်းညစ်ညမ်းမှု၊ သဘာဝ ဓာတ်ငွေ့ လောင်ကျွမ်းမှုများ၊ ငါးဖမ်းလုပ်ငန်း၊ မြို့ပြကျယ်ပြန့်လာမှု အစရှိသည့် ကဏ္ဍ ပေါင်းစုံ ကို လေ့လာနိုင်ပါသည်။ ... read more
Nightlights 1992-2020

မြန်မာနိုင်ငံရှိ ထိခိုက်လွယ်မှု အခြေအနေ သုံးသပ်ချက် (၂၀၁၈)

  

မြန်မာနိုင်ငံရှိ ထိခိုက်လွယ်မှု အခြေအနေ သုံးသပ်ချက် - လိုအပ်ချက်များ၊ လွှမ်းခြုံမှုများနှင့် ကွာဟချက်များအပေါ် ဆင့်ပွား အချက်အလက်များအား သုံးသပ်မှု ကို လူသားချင်း စာနာ ထောက်ထားမှု အကူအညီ နှင့် ပြန်လည် ထူထောင်နိုင်စွမ်း ထောက်ပံ့မှု အစီအစဉ် (HARP-F) နှင့် မြန်မာ သတင်း အချက်အလက် စီမံ ခန့်ခွဲရေး ယူနစ် (MIMU) တို့မှ ပြုစုရေးသားထားပါသည်။ ထို အဖွဲ့အစည်း နှစ်ခုစလုံးသည် မြန်မာနိုင်ငံတွင် လူသားချင်း စာနာ ထောက်ထားမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များကို တက်ကြွစွာ ပံ့ပိုး ကူညီနေသည့် အဖွဲ့များ ဖြစ်ကြသည်။  ... read more

Dashboard
 
ဤ Dashboard သည် MIMU-HARP-F လေ့လာချက်ကို အခြေခံ၍ ၂၀၁၄-၂၀၁၆ ကာလအတွင်း မြို့နယ်အဆင့် ထိခိုက်လွယ်မှုအား ဖော်ပြထားခြင်းဖြစ်ပါသည်။
http://themimu.info/vulnerability-dashboard
Township Vulnerability dashboard

အရှေ့တောင်ပိုင်း အခြေအနေ ဆန်းစစ်ချက် (၂၀၁၆)

  

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသ အခြေအနေ ဆန်းစစ်ချက်သည် MIMU နှင့် ငြိမ်းချမ်းရေး အထောက်အကူပြု ရန်ပုံငွေအဖွဲ့မှ ပရိုဂရမ်ရေးဆွဲခြင်း ၊မဟာဗျူဟာနှင့် မူဝါဒ ရေးဆွဲမှုတို့အား အထောက်အကူ ဖြစ်စေရန် ငြိမ်းချမ်းရေး၊ လူသားချင်း စာနာ ထောက်ထားမှုနှင့် ဖွံ့ဖြိုးရေး ကဏ္ဍများကို စားပွဲတင် သုံးသပ်ထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အရှေ့ တောင်ပိုင်း ဒေသရှိ မတူကွဲပြားသော ကွဲပြား ခြားနားမှုများကို မည်သည့် အစီရင်ခံစာမှ အပြည့်အဝ ဖော်ပြနိုင်ခြင်း မရှိသော်လည်း ၎င်းသည် မကြာသေးမီက ထုတ်ပြန်ခဲ့သော သတင်း အချက်အလက်နှင့် လက်ရှိ အခြေအနေ၊ ခေတ်ရေစီးကြောင်းနှင့် ကွာဟချက်များ၊ အကောင်အထည်ဖော်မှုမှ ရရှိသော သင်ခန်းစာများ၊ သတင်း အချက်အလက်များ၊ ကွာဟချက်များနှင့် မွန်၊ ကရင်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်း၊ တနင်္သာရီနှင့် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းတို့တွင် ဖြစ်ပေါ်လာသော ပြဿနာများနှင့် ပတ်သက်၍ အဓိက ဖြေကြားသူများ၏ အချက်အလက် သွင်းအားစုများကို စုစည်းရန် ပထမ ခြေလှမ်း ဖြစ်သည်။ ... read more
Situation Analysis of southeastern Myanmar