အိမ်အသုံးအဆောင်ပစ္စည်းများ ၂၀၁၄ - ၂၀၁၉

မြန်မာ သတင်း အချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) ၏ ဤ ဆန်းစစ် လေ့လာမှု အကျဉ်းသည် ရရှိနိုင်သော သတင်း အချက်အလက် အပေါ် အခြေခံ၍ မြန်မာနိုင်ငံရှိ လူသားချင်း စာနာထောက်ထားမှုနှင့် ဖွံဖြိုး တိုးတက်မှု ဆိုင်ရာ အထောက်အပံ့များနှင့် သက်ဆိုင်သည့် ရေပန်းစား ထွက်ပေါ်လာသော လေ့လာ စူးစမ်းမှု မရှိထားသော ကိစ္စရပ်များကို မီးမောင်း ထိုးပြလိုက်ပါသည်။  မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) ၏ ဤ တတိယအကြိမ် ဆန်းစစ် လေ့လာမှု အကျဉ်းသည် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူထားသော စစ်တမ်းများမှ အချက်အလက်များအပေါ် အခြေခံ၍ ပြန်လည်သုံးသပ်ထားပြီး မြန်မာနိုင်ငံရှိ အိမ်ထောင်စုများ၏အသုံးအဆောင်ပစ္စည်းများကို အဓိကထားဖော်ပြထားသည်။  အိမ်အသုံးအဆောင်ပစ္စည်းများသည် လူသားတို့၏ ကျန်းမာရေး၊ ကုန်ထုတ်စွမ်းအားနှင့် လူမှုဘဝတစ်ခု လုံး၏ အရည်အသွေးကို အကျိုးသက်ရောက်လျက်ရှိပြီး ၎င်းသည် အိမ်ထောင်စု၏ လူနေမှုအခြေအနေအတွက် အရေးကြီးသော တိုးတက်မှုများကို ဖော်ပြသည်။

ဤ ဆန်းစစ် လေ့လာမှု အကျဉ်း တစ်ခုစီတွင် narrative report ၊ ပူးတွဲပါ infographic နှင့် dashboard၊ data နှင့် methodology ပါဝင်ပြီး သုံးစွဲသူ များက မိမိကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာစီစစ် ပြုလုပ်ရန်  အသုံးပြုနိုင်ပါသည်။

Dashboard
This dashboard allows for further data analysis and visualisation of MIMU's analytical brief, Household Amenities in Myanmar (2014-2019) - https://themimu.info/household-amenities-dashboard
Dashboard - Household Amenities in Myanmar (2014-2019)

Dataset

Title Format Size Uploaded
Dataset_Analytical Brief Household Amenities_MIMU_May2022_ENG.xlsx xlsx
3.62 MB 29-Apr-2022