ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အချက်များ အခြေအနေ (၂၀၂၂)

မြန်မာ သတင်း အချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) ၏ ဤ ဆန်းစစ် လေ့လာမှု အကျဉ်းသည် ရရှိနိုင်သော သတင်း အချက်အလက် အပေါ် အခြေခံ၍ မြန်မာနိုင်ငံရှိ လူသားချင်း စာနာထောက်ထားမှုနှင့် ဖွံဖြိုး တိုးတက်မှု ဆိုင်ရာ အထောက်အပံ့များနှင့် သက်ဆိုင်သည့် ရေပန်းစား ထွက်ပေါ်လာသော လေ့လာ စူးစမ်းမှု မရှိထားသော ကိစ္စရပ်များကို မီးမောင်း ထိုးပြလိုက်ပါသည်။

မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှု ယူနစ် (MIMU) ၏ ဤ စတုတ္ထအကြိမ် နှင့် နောက်ဆုံးဆန်းစစ် လေ့လာမှု အကျဉ်းသည် ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အချက်များအရ ပြောင်းလဲနေသည့် မြန်မာ့ ရေမြေတောတောင်ရှုခင်းကို အာရုံစိုက်ထားပြီး ယင်းအချက်များသည် လတ်တလော သုတေသနပြုချက်ကို ပြန်လည်သုံးသပ်ခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စံနမူနာပြုခြင်းနှင့် ရရှိနိုင်သော အချက်အလက်များအပေါ် အခြေခံ၍ လုပ်ဆောင် ထားခြင်းဖြစ်သည်။ ၎င်းသည် သဘာဝဘေးအန္တရာယ်နှင့် ထိတွေ့နိုင်ခြေရှိသော ပြောင်းလဲလာသော ဒေသများနှင့် လူဦးရေများကို ပြန်လည်သုံးသပ်ထားသည်။  ဤ ဆန်းစစ် လေ့လာမှု အကျဉ်း တွင် အခြားသူများ ခွဲခြမ်းစိတ်ဖြာစီစစ် ပြုလုပ်နိုင်ရန် narrative report နှင့် အတူ၊ data နှင့် methodology ပါဝင်ပါသည်။