ငွေသား ထောက်ပံ့ခြင်း လုပ်ငန်းဆိုင်ရာ အထောက်အကူပြု အချက်အလက်များ

ဤဆိုဒ်အတွင်းရှိ သတင်း အချက်အလက်များသည် ECHO မှ ပံ့ပိုးသော ရန်ပုံငွေဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်း ၅ဖွဲ့ မှ ၂၀၂၀ ဒီဇင်ဘာလ မှ ၂၀၂၁ မတ်လအတွင်း ပူးပေါင်း ဆောင်ရွက်ခဲ့သော ဒေသ စီမံချက်တစ်ခု ဖြစ်သည့် ဒေသအတွင်း ဘဏ္ဍာရေး ဝန်ဆောင်မှု အဖွဲ့အစည်းများ၏ သတင်း အချက်အလက်များကို ကောက်ယူခြင်း နှင့် ဆန်းစစ်ခြင်း လုပ်ငန်းမှ ထွက်ပေါ်လာသော ရလာဒ်ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ ဒေသတွင်းရှိ ငွေသား ထောက်ပံ့ခြင်းလုပ်ငန်း လုပ်ဆောင်သော အဖွဲ့အစည်းများ အနေဖြင့် စွမ်းဆောင်ရည် ကောင်းမွန်သော ဘဏ္ဍာရေး ဝန်ဆောင်မှု အဖွဲ့အစည်းများကို အလွယ်တကူ ဖော်ထုတ် နိုင်စေရန်နှင့် ထိုသို့ ဆောင်ရွက်နိုင်ခြင်းဖြင့် ၎င်းတို့၏ စီမံချက်လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပိုမို မြန်ဆန် ထိရောက်စွာ ဆောက်ရွက်နိုင်ရန်ဖြစ်ပါသည်။  ရရှိနိုင်သော သတင်းအချက်လက် ကိရိယာများမှာ-

  • ဘဏ္ဍာရေး ဝန်ဆောင်မှု အဖွဲ့အစည်းများ၏ မြို့နယ်အလိုက် ဖြန့်ကျက်တည်ရှိမှုအခြေအနေနှင့် ပေးနိုင်သည့် ငွေကြေးဝန်ဆောင်မှု
  • ငွေသား ထောက်ပံ့ခြင်း လုပ်ငန်း ပုံစံ ၃ မျိုးအတွက် ဆောင်ရွက်ရမည့် ယေဘုယျ လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် တာဝန်ခွဲဝေမှု
  • ဘဏ္ဍာရေး ဝန်ဆောင်မှု အဖွဲ့အစည်း ၁၉ ခု၏ အချက်အလက်များ
ရှင်းလင်းချက်။ ။ဤသတင်း အချက်အလက်များသည် စီမံချက်ကာလအတွင်း ကုလသမဂ္ဂ အဖွဲ့အစည်းအများ အပါဝင် သက်ဆိုင်ရာ ဘဏ္ဍာရေး ဝန်ဆောင်မှု အဖွဲ့အစည်းများနှင့် ပြုလုပ်ခဲ့သော အင်တာဗျူး၊ အွန်လိုင်းစာရင်း အချက်အလက် ကောက်ယူမှုများမှ ရရှိသော သတင်း အချက်အလက်များ အပေါ်တွင် အခြေခံကာ ပြုစုထားခြင်း ဖြစ်ပါသည်။ သတင်း
အချက်အလက် များအားလုံးသည် ဤလုပ်ငန်း အပေါ်တွင် အကျိုးပြု စေလိုသော မှန်ကန်သော စိတ်ရင်းဖြင့် ဖြေဆို ပေးခဲ့ကြခြင်း ဖြစ်သော်လည်း အချိန်နှင့် အမျှ ပြောင်းလဲနေသည့် သတင်း အချက်အလက်များ ဖြစ်သည့် အလျှောက် အချိန်တိုင်းတွင် တိကျ မှန်ကန်မှု ရှိနိုင်မည် မဟုတ်ပါ။
Dashboard
မြန်မာနိုင်ငံ အတွင်း အရေးပေါ် အခြေအနေတွင် ငွေသား ထောက်ပံ့ခြင်း လုပ်ငန်းနှင့် ပါတ်သတ်သော စာရင်းဇယား အချက်အလက် များကို Myanmar-Emergency-CashAssistance-Dashboardတွင် ရယူနိုင် ပါသည်။
Emergency Cash Assistance Information Dashboard

ဘဏ္ဍာရေး ဝန်ဆောင်မှု အဖွဲ့အစည်း များ၏ စာရင်း အချက်အလက်များ

Township-level FSP Dataset: မြို့နယ် အဆင့် ဘဏ္ဍာရေး ဝန်ဆောင်မှု အဖွဲ့အစည်း များ၏ သတင်း အချက်အလက် များတွင် ငွေထုတ်ယူ နိုင်သောနေရာများ၊ မြို့နယ် တွင်းရှိ IDP စခန်း အရေအတွက်နှင့် မြို့နယ်အတွင်း ကျရောက်လေ့ရှိသော သဘာဝ ဘေးအန္တရာယ်နှင့် ဖြစ်ပွား လေ့ရှိသော ပဋ္ဋိပက္ခများ စသည့် အချက်အလက်များ ပါဝင်ပါသည်။

FSP Dataset: ဘဏ္ဍာရေး ဝန်ဆောင်မှု အဖွဲ့အစည်း ၁၉ ခု၏ လုပ်ငန်း စွမ်းဆောင်ရည်နှင့် ဆိုင်သော အညွှန်းကိန်း ၃၀ခုကို အုပ်စု ၅ စုခွဲကာ တင်ပြထားပါသည်။ ၎င်း အုပ်စု ၅ စုမှာ- ဘဏ္ဍာရေး ဝန်ဆောင်မှု အဖွဲ့အစည်းများ ၏ နိုင်ငံအတွင်း ဝန်ဆောင်မှု ပေးနေသည့် မြို့နယ်များ၊ အဖွဲ့အစည်း တစ်ခုချင်းမှ ပေးနိုင်သည့် ငွေကြေး ဝန်ဆောင်မှု အမျိုးအစားများ၊ လိုအပ်ပါက အချိန်တိုအတွင်း လုပ်ငန်း တိုးချဲ့ပေးနိုင်စွမ်း၊ ဘဏ္ဍာရေး ဝန်ဆောင်မှု အဖွဲ့အစည်း တခုချင်း၏ မှတ်ပုံတင်နှင့် ဥပဒေဆိုင်ရာ တရားဝင် ဖြစ်မှု အချက်အလက်များ နှင့် ငွေကြေး လုပ်ဆောင်နိုင်မှု စွမ်းရည်တို့ ပါဝင်ပါသည်။

Title Size Uploaded
FSP Mapping_TS Dataset_Mar2021.xlsx 119.33 KB
01-Apr-2021
FSP Mapping_FSP Dataset_Mar2021.xlsx 29.59 KB
01-Apr-2021

ငွေသားထောက်ပံ့ခြင်းလုပ်ငန်းများအတွက် ယေဘုယျ လုပ်ငန်းစဉ်အဆင့်ဆင့် (SOP) ပုံစံများ

ငွေသား ထောက်ပံ့ခြင်း လုပ်ငန်း ပုံစံ ၃ မျိုး (Cash in envelope (physical cash delivery), over the counter (OTC) and mobile money (e-wallet)) အတွက် ယေဘုယျ လုပ်ငန်းစဉ် အဆင့်ဆင့် (SOP) များ ပါဝင်ပါသည်။ SOP template တစ်ခုချင်းစီသည် အရေးပေါ် ငွေသား ထောက်ပံ့ခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင် လုပ်ဆောင်ရမည့် နမူနာ လုပ်ငန်းစဉ် အဆင့်ဆင့် သို့မဟုတ် စစ်ဆေးရမည့် လုပ်ငန်းများ၊ လုပ်ငန်းစဉ် တစ်ဆင့်ချင်းစီ အတွက် ဌာနအလိုက် တာဝန် ခွဲဝေမှု စသည်တို့ကို ဖေါ်ပြထားပါသည်။

or
or