MIMU သင်တန်း အရင်းအမြစ်များ

သတင်းအချက်အလက်စီမံခန့်ခွဲမှု ၀န်ဆောင်မှုများသည် ဆုံးဖြတ်ချက် ချမှတ်မှုများအတွက် ပြည့်စုံသော သတင်းအချက်အလက် သို့မဟုတ် မှန်ကန်သော သတင်းအချက်အလက်များကို သင့်လျော်သော အချိန်တွင် သင့်လျော်မှန်ကန်သည့်ပုံစံဖြင့် ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။

MIMU၏ ဤလုပ်ငန်းအတွက် ဆုံးဖြတ်လုပ်ဆောင်မှုများသည် မြန်မာပြည်သူလူထုကို ဘေးအန္တရာယ်ကင်းစွာ ကာကွယ်စောင့်ရှောက်ရန်၊ ရေရှည်တည်တံ့သော အနာဂတ်အတွက် ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရန် နှင့် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ခံစားရန် ရည်ရွယ်သည့် လူသားချင်းစာနာထောက်ထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ရန် ဖြစ်သည်။

MIMU ၏ လုပ်ကိုင်ဆောင်ရွက်မှု နည်းလမ်းတစ်ခု၏ အရေးကြီးသော ကဏ္ဍတစ်ခုမှာ ဆုံးဖြတ်ချက် ချမှတ်ခြင်းအတွက် သတင်းအချက်အလက်များကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲရန် အေဂျင်စီများ၊ အစိုးရနှင့် ပညာရပ်ဆိုင်ရာ ကဏ္ဍများ၏ စွမ်းဆောင်ရည်ကို တည်ဆောက်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ နည်းပညာဆိုင်ရာ သင်တန်းများကို MIMU အဖွဲ့က ဖန်တီးလုပ်ဆောင်ထားပြီး မြန်မာဘာသာဖြင့် သင်ကြားပေးသည်။ အချက်အလက်စီမံခန့်ခွဲမှု (Excel သင်တန်း)၊ ပထဝီဝင်ဆိုင်ရာ အချက်အလက် စီမံခန့်ခွဲမှုနှင့် မြေပုံရေးဆွဲခြင်း (QGIS သင်တန်း) နှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းအတွက် အချက်အလက်များကို စီမံခန့်ခွဲခြင်းနှင့် အချက်အလက်များကို ပုံဖော်ခြင်း (သတင်း အချက်အလက် စီမံခန့်ခွဲမှု သင်တန်း)များတွင် ကျွမ်းကျင်မှု တိုးတက်စေရန် ဦးတည်သင်ကြား ပေးသည်။ MIMU သည် ကိုယ်တိုင်ကိုယ်ကျတက်ရောက်သူများနှင့် အဝေးသင် သင်တန်းတက်ရောက်သူများအတွက် အောင်မြင်ပြီးမြောက်ပါက သင်တန်းဆင်းလက်မှတ်များကို ပေးအပ် ပါသည်။

ဤစာမျက်နှာတွင် ကျွန်ုပ်တို့၏ အခြေခံ Excel သင်တန်းနှင့် အခြေခံ QGIS သင်တန်း အတွက် MIMU မှ တီထွင်ထားသော ဗွီဒီယိုများ၊ မှတ်စုစာစောင်များနှင့် လေ့ကျင့်ခန်းများ စသည့် ကိုယ်တိုင် လေ့လာသင်ယူခြင်း အတွက် သင်ထောက်ကူ ပစ္စည်းများကို ကြည့်ရှုနိုင်ပါသည်။ MIMU သည် ဤဝက်ဘ်ဆိုဒ် စာမျက်နှာမှတဆင့် သွားရောက်လေ့လာနိုင်သော အခြားအွန်လိုင်းသင်တန်းများအတွက် မည်သည့် သင်တန်းဆင်းလက်မှတ်ကိုမျှ ပေးအပ်ခြင်း မရှိသော်လည်း ၎င်းတို့သည် သင့်အား အချက်အလက်များကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲရန်နှင့် ပုံဖော်နိုင်စေရန် ကျွမ်းကျင်မှုများ ခိုင်မာလာအောင် ကူညီပေးလိမ့်မည် ဖြစ်သည်။

ကျေးဇူးပြု၍ သတိပြုပေးပါ။ - ဤ MIMU ၏ အရင်းအမြစ်များနှင့် အကြောင်းအရာများကို အခမဲ့ ရရှိနိုင်သော်လည်း ရောင်းဝယ်ခြင်း သို့မဟုတ် စီးပွားဖြစ် ရည်ရွယ်ချက်များအတွက် အသုံး မပြုရပါ။ အကယ်၍ အလွဲသုံးစားပြုခြင်းခံရကြောင်း တွေ့ရှိပါက ကျွန်ုပ်တို့အား [email protected] မှတဆင့် အကြောင်းကြားပါ။ ဤအရင်းအမြစ်များကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုလိုပါက MIMU ၏ စည်းမျဥ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ the MIMU Terms and Conditions ကို လေးစား လိုက်နာကြောင်း သေချာမှုရှိပါစေ။

နောက်ဆုံး လူကြီးမင်း အနေနှင့် သင်ခန်းစာများကို မည်သို့ တွေ့ရှိသည်၊ အထူးသဖြင့် လူကြီးမင်း၏ အလုပ်ကို မည်သို့ အထောက်အပံ့ ဖြစ်စေခဲ့သည်နှင့်ပတ်သက်၍ the MIMU Training Feedback Form မှတဆင့် ကျွန်ုပ်တို့အား ပြန်လည် အကြံပြုချက်ပေးနိုင်ပါသည်။

လူကြီးမင်း၏ အရင်းအမြစ်များကို မြှင့်တင်ရန်နှင့် လူကြီးမင်း၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေး ကြိုးပမ်းမှုများတွင် မည်သူတစ်ဦးတစ်ယောက်မှ မကျန်ရှိစေရန် ဤအရင်းအမြစ်များကို အသုံးပြုလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။