မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများ - အဆိုပြုလွှာများအတွက် ခေါ်ဆိုမှုများ

ဤစာမျက်နှာတွင် MIMU နှင့် MIMU ၏ ထုတ်ကုန်များ နှင့် ပတ်သတ်၍ မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများကို စုစည်းတင်ပြထားပါသည်။ MIMU ၏ ထုတ်ကုန်များတွင် တည်နေရာဆိုင်ရာ အချက်အလက်များ၊ မြေပုံများ၊ HDP Nexus 5W ထုတ်ကုန်များ၊ အခြေခံဒေတာများ သာမက နိုင်ငံအဝှမ်းရှိ လူသားချင်း စာနာထောက်ထားမှု၊ ဖွံ့ဖြိုးရေး နှင့်  ငြိမ်းချမ်းရေး လုပ်ငန်းများကို အထောက်အကူပြု‌သော အခြားအရင်းအမြစ်များလည်း ပါရှိပါသည်။ အကြံပြုချက်များနှင့် မှတ်ချက်များအား ကြိုဆိုလျက်ရှိပြီး [email protected] သို့ ပေးပို့ ဆက်သွယ်နိုင်ပါသည်။

ထောက်ပံ့ငွေများ / အဆိုပြုလွှာများ ခေါ်ဆိုမှုများကို မည်သည့်နေရာတွင် ရှာဖွေကြည့်ရှုနိုင်သနည်း။

အဆိုပြုလွှာများ အတွက် ခေါ်ဆိုမှုများကို ဘယ်ဘက်ခြမ်းရှိ သတင်းနေရာအောက်မှ Calls for Proposals button   ကို အသုံးပြုခြင်းဖြင့် MIMU Home page မှ တိုက်ရိုက်ရယူနိုင်သည်။

ကျွန်ုပ်တို့၏ အဆိုပြုလွှာ ခေါ်ဆိုမှုများကို MIMU ဝက်ဘ်ဆိုက်မှတဆင့် မည်သို့ ဝေမျှနိုင်မည်နည်း။

အဆိုပြုလွှာ ခေါ်ဆိုမှုများကို ပင်မစာမျက်နှာအောက်ဖက်ရှိ Submit Calls for Proposals button ကိုအသုံးပြုပြီး Calls for Proposals page မှတဆင့် တင်သွင်းနိုင်ပါသည်။