မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများ - MIMU အပတ်စဉ် နောက်ဆုံးထုတ်ပြန်ချက်

ဤစာမျက်နှာတွင် MIMU နှင့် MIMU ၏ ထုတ်ကုန်များ နှင့် ပတ်သတ်၍ မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများကို စုစည်းတင်ပြထားပါသည်။ MIMU ၏ ထုတ်ကုန်များတွင် တည်နေရာဆိုင်ရာ အချက်အလက်များ၊ မြေပုံများ၊ HDP Nexus 5W ထုတ်ကုန်များ၊ အခြေခံဒေတာများ သာမက နိုင်ငံအဝှမ်းရှိ လူသားချင်း စာနာထောက်ထားမှု၊ ဖွံ့ဖြိုးရေး နှင့်  ငြိမ်းချမ်းရေး လုပ်ငန်းများကို အထောက်အကူပြု‌သော အခြားအရင်းအမြစ်များလည်း ပါရှိပါသည်။ အကြံပြုချက်များနှင့် မှတ်ချက်များအား ကြိုဆိုလျက်ရှိ ပြီး [email protected] သို့ ပေးပို့ ဆက်သွယ်နိုင်ပါသည်။

MIMU အပတ်စဉ် နောက်ဆုံးထုတ်ပြန်ချက်ဆိုသည်မှာ အဘယ်နည်း။

MIMU အပတ်စဉ် နောက်ဆုံးထုတ်ပြန်ချက်သည် MIMU ဆက်သွယ်ရန် စာရင်း (သို့) MIMU အပတ်စဉ် နောက်ဆုံးရသတင်း  မေးလ်စာရင်းတွင် မှတ်ပုံတင်ထားသည့် လိမ်စာများသို့ ပေးပို့သော အပတ်စဉ်စာစောင် ဖြစ်သည်။ ဤနောက်ဆုံး ထုတ်ပြန်ချက်အား အေဂျင်စီများအတွက် အသုံးဝင်နိုင်သည့် MIMU မှ ရရှိနိုင်သော သတင်းအချက်အလက်များကို ပေးပို့ခြင်း ဖြစ်သည်။

MIMU အပတ်စဉ် နောက်ဆုံးထုတ်ပြန်ချက်ကို ကျွန်ုပ်မည်သို့ ရရှိမည်နည်း။

အပတ်စဉ် နောက်ဆုံးထုတ်ပြန်ချက်ကို ရက်သတ္တပတ်၏ အဆုံးတွင် ထုတ်ဝေပြီး ၎င်းကို MIMU Weekly Update page တွင် ကြည့်ရှုနိုင်သည်။ သင်သည် အပတ်စဉ် နောက်ဆုံးရသတင်းများ အားရယူလိုပါက သင်၏ အီးမေးလ်လိပ်စာကို (သင့်အဖွဲ့အစည်းအမည် / အဆက်အသွယ်များရှိပါက) [email protected] သို့ မှတ်ပုံတင်ခြင်းဖြင့်  အီးမေးလ်တစ်စောင်အဖြစ် လက်ခံရရှိနိုင်သည်။