မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများ - သင်တန်းကြေညာချက်များ

ဤစာမျက်နှာတွင် MIMU နှင့် MIMU ၏ ထုတ်ကုန်များ နှင့် ပတ်သတ်၍ မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများ ကို စုစည်း တင်ပြထားပါသည်။ MIMU ၏ ထုတ်ကုန်များတွင် တည်နေရာဆိုင်ရာ အချက်အလက်များ၊ မြေပုံများ၊ HDP Nexus 5W ထုတ်ကုန်များ၊ အခြေခံဒေတာများ သာမက နိုင်ငံအဝှမ်းရှိ လူသားချင်း စာနာထောက်ထားမှု၊ ဖွံ့ဖြိုးရေး နှင့်  ငြိမ်းချမ်းရေး လုပ်ငန်းများကို အထောက်အကူပြု‌သော အခြား အရင်းအမြစ်များလည်း ပါရှိပါသည်။ အကြံပြုချက်များနှင့် မှတ်ချက်များအား ကြိုဆိုလျက်ရှိ ပြီး [email protected] သို့ ပေးပို့ ဆက်သွယ်နိုင်ပါသည်။

MIMU ဝက်ဘ်ဆိုက်မှ မည်သည့်ပညာသင်ဆု / သင်တန်းဆိုင်ရာ အချက်အလက်များကို ရရှိနိုင်သနည်း။

MIMU သည် အခြားအေဂျင်စီများမှ ပညာသင်ဆုနှင့် လေ့ကျင့်သင်ကြားမှုဆိုင်ရာ သတင်းအချက်အလက်များအတွက် သီးသန့် စာမျက်နှာတစ်ခုကိုလည်း ပံ့ပိုးပေးသည်။

သင်တန်းအသစ်များအတွက် သတင်းအချက်အလက်များကို ကျွန်ုပ်တို့ မည်သို့ တင်ပို့နိုင်မည်နည်း။

လိုအပ်သော ကွက်လပ်အားလုံးအား ဖြည့်စွက်ခြင်းအားဖြင့် သင်တန်းအစီအစဉ်များကို MIMU’s Submit Trainings / Scholarship Opportunities page မှတဆင့် တင်သွင်းနိုင်ပါသည်။ တင်သွင်းမှုကို MIMU မှစစ်ဆေးပြီး အလုပ်လုပ်ချိန် ၁-၂ ရက်အတွင်း အွန်လိုင်းပေါ် တင်ပေးပါလိမ့်မည်။