မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများ - MIMU အကဲဖြတ်စစ်တမ်း စာရင်းကောက်ယူခြင်း

ဤစာမျက်နှာတွင် MIMU နှင့် MIMU ၏ ထုတ်ကုန်များ နှင့် ပတ်သတ်၍ မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများ ကို စုစည်း တင်ပြထားပါသည်။ MIMU ၏ ထုတ်ကုန်များတွင် တည်နေရာဆိုင်ရာ အချက်အလက်များ၊ မြေပုံများ၊ HDP Nexus 5W ထုတ်ကုန်များ၊ အခြေခံဒေတာများ သာမက နိုင်ငံအဝှမ်းရှိ လူသားချင်း စာနာထောက်ထားမှု၊ ဖွံ့ဖြိုးရေး နှင့်  ငြိမ်းချမ်းရေး လုပ်ငန်းများကို အထောက်အကူပြု‌သော အခြားအရင်းအမြစ်များလည်း ပါရှိပါသည်။ အကြံပြုချက်များနှင့် မှတ်ချက်များအား ကြိုဆိုလျက်ရှိ ပြီး [email protected] သို့ ပေးပို့ ဆက်သွယ်နိုင်ပါသည်။

စစ်တမ်းနှင့် ပုံနှိပ်ထုတ်ဝေမှုများနှင့် ပတ်သက်၍ မည်သည့် သတင်းအချက်အလက်များ ရှိသနည်း။

MIMU၏ စစ်တမ်း လေ့လာခြင်း တွင် သတင်း အချက်အလက် စုဆောင်းခြင်းဆိုင်ရာ အစီအစဉ်များကို ပိုမိုကောင်းမွန်စွာ ညှိနှိုင်းရန်နှင့် အစီအစဉ်များ၊ ရလဒ်များ၊ နည်းစနစ်များ၊ ဒေတာနှင့် ကျွမ်းကျင်မှုများကို မျှဝေနိုင်ရန် မြန်မာနိုင်ငံကို ဦးတည်သည့် “စစ်တမ်းများ” (ဆိုလိုသည်မှာ အကဲဖြတ်မှုများ၊ စစ်တမ်းများ၊ အစီရင်ခံစာများနှင့် ပုံနှိပ်ထုတ်ဝေမှုများ) အကြောင်းကို မှတ်တမ်းတင် ထားသည်။

ဤတွင် အကောင်အထည်ဖော်မည့် အေဂျင်စီ (မည်သူ)၊ ကဏ္ဍများ / အကြောင်းအရာများနှင့် လွမ်းခြုံထားသည့် ပထဝီဝင်ဧရိယာများ (မည်သည့်အရာနှင့် မည်သည့်နေရာတွင်)၊ သတင်းအချက်အလက်  စုဆောင်းသော နည်းလမ်း (မည်သို့)၊ ဖြန့်ဝေ ပေးနိုင်မည့်  ထုတ်ကုန်များနှင့် ၎င်းတို့ကို မည်သို့ ဝင်ရောက် ရယူနိုင်ကြောင်းတို့ ပါ၀င်သည် (ရရှိနိုင်သော အရာများ) ။

အေဂျင်စီများအနေဖြင့် သတင်းအချက်အလက်များကို မည်သို့စုဆောင်းမည်၊ မည်သို့မည်ပုံ သိမ်းဆည်းရမည်ကို ဖော်ပြခြင်း အပါအ၀င် သူတို့၏ ကိုယ်ပိုင် စစ်တမ်းများနှင့် ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို ဤသို့ တင်ပေးကြသည် (ဒေတာ၊ မေးခွန်းပုံစံများ အသုံးပြုခြင်း စသဖြင့်) ။ ထို့နောက် ၎င်းတို့သည် အစီစဥ်ဆွဲသည့်အဆင့် → လုပ်ဆောင်သည့်အဆင့်→ ပြီးမြောက်သည့်အဆင့် စသည်ဖြင့် ၎င်းတို့၏ အစပြုလုပ်ဆောင်မှု တဆင့်ခြင်းဆီအလိုက်နှင့်အမျှ ဤ တွင် မွမ်းမံဖြည့်စွက်သွားနိုင်သည်။

တစ်ဦးတစ်ယောက်ချင်းစီ၏ အစပျိုး လုပ်ဆောင်မှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို MIMU ဝက်ဘပ်ဆိုဒ်ရှိ the Assessments & Publications pageတွင် ရရှိနိုင်ပါသည်။

ဘယ်နှစ်ကြိမ် ပြုလုပ်ပါသနည်း။ မည်သူတို့က MIMU စစ်တမ်းကောက်ယူမှုတွင် ပါဝင်ပံ့ပိုးကြသနည်း။

MIMU ၏ စစ်တမ်းကောက်ယူမှုသည် NGO များနှင့် CBO များ၊ ကုလသမဂ္ဂနှင့် ကြက်ခြေနီ အေဂျင်စီများနှင့် အလှူရှင်များ၏ အကဲဖြတ်ချက်များ၊ စစ်တမ်းများနှင့် ပုံနှိပ်ထုတ်ဝေမှုများမှ သတင်း အချက်အလက်များကို စုဆောင်းရယူသည်။

အေဂျင်စီများသည် ၎င်းတို့၏ ကိုယ်ပိုင် စစ်တမ်းများနှင့် ပုံနှိပ် ထုတ်ဝေမှုများ၏ အသေးစိတ် အချက်အလက် များကို အချိန်မရွေး တင်နိုင်ပါသည်။ MIMU မှ အေဂျင်စီများအား ၎င်းတို့၏ စစ်တမ်းများနှင့် ပုံနှိပ်ထုတ်ဝေမှု များ၏ အသေးစိတ် အချက်အလက်များအား ခြောက်လတစ်ကြိမ် ပြင်ဆင်မွမ်းမံနိုင်ရန် သတိပေးပြီး အေဂျင်စီ များမှပေးသော မှတ်တမ်းများအား အကျဉ်းချုပ် အစီရင်ခံစာများကို စုဆောင်းပေးသည်။

စီစဉ်နေသော သို့မဟုတ် ပြီးဆုံးခဲ့သော စစ်တမ်းများကို မည်သို့ စာရင်းသွင်းရမည်နည်း။

သင့်အေဂျင်စီ၏ စစ်တမ်းများနှင့် ပုံနှိပ်ထုတ်ဝေမှုများနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို MIMU စစ်တမ်းကောက်ယူမှု tool သို့ တင်နိုင်ရန် MIMU အကောင့်တစ်ခု လိုအပ်မည်ဖြစ်ကာ ၎င်းသည် စီစဉ်ဆဲအဆင့်မှ လုပ်ဆောင်သည့်အဆင့်၊ ၎င်းမှ နောက်ဆုံး အပြီးသတ် အဆင့်အထိ တိုးတက် ပြောင်းလဲလာမှု များအတွင်း  လုပ်ဆောင်မှု အသေးစိတ်ကို မှတ်တမ်းတင်ရန်နှင့် အသစ် ပြင်ဆင် မွမ်းမံနိုင်ရန် ခွင့်ပြုပေးမည် ဖြစ်သည်။

  • ဦးစွာ Guideline for Assessments and Publications တွင်ဖတ်ရှုပါ။
  • အော့ဖ်လိုင်းစစ်တမ်းတွင် တင်ပြနိုင်ရန် ကျေးဇူးပြု၍ MIMU Assessment Registry Entry Form ကိုဖြည့်ပြီး [email protected] သို့ အီးမေးလ် ပို့ပါ။
  • အွန်လိုင်းစစ်တမ်းကိုတင်ပြရန် သို့မဟုတ် တည်းဖြတ်ရန်၊  Submit/Edit Assessment လင့်ခ်ကို သွားပါ။
  • အသစ်ထည့်လိုက်သော သို့မဟုတ် ပြင်ဆင် တည်းဖြတ်ထားသော စစ်တမ်းအားလုံးကို ၀က်ဘ်ဆိုက်တွင် မထုတ်ပြန်မီ MIMU မှ ပြန်လည်သုံးသပ်မည် ဖြစ်သည်။

စစ်တမ်းနှင့် ပုံနှိပ်ထုတ်ဝေခြင်းများနှင့် ပတ်သက်သည့် အချက်အလက်များကို မည်သို့ ရှာတွေ့နိုင်သနည်း။

သတင်း အချက်အလက်များကို MIMU စစ်တမ်းများနှင့် ပုံနှိပ်ထုတ်ဝေမှုများ ခြေရာခံ ကောက်ယူခြင်း စာမျက်နှာတွင် တွေ့နိုင်သည်။ ဤတွင် အပိုင်းနှစ်ပိုင်း ပါဝင်သည်။

  • ခြုံငုံ သုံးသပ်ချက်များနှင့် ဆန်းစစ်လေ့လာမှုများ - MIMU အဖွဲ့က စစ်တမ်းများနှင့် ပုံနှိပ်ထုတ်ဝေမှုများဆိုင်ရာ စောင့်ကြည့်လေ့လာခြင်း ပုံစံများကို ပံ့ပိုးပေးရန်အတွက် အသုံးပြုရ လွယ်ကူစေသည့် ပုံစံများဖြင့် ဖော်ထုတ်ခဲ့သော ခြုံငုံသုံးသပ်ချက်ပုံစံ။
  • စစ်တမ်းများနှင့် ပုံနှိပ်ထုတ်ဝေမှု ဒတ်ရှ်ဘုတ်သည် မြို့နယ်အဆင့်သို့ တင်ပြချက်များကို ပြသပေးပြီး အသုံးပြုသူများကို အေဂျင်စီအလိုက်၊ ကဏ္ဍအလိုက်၊ စစ်တမ်းများနှင့် ပုံနှိပ်ထုတ်ဝေမှု ခေါင်းစဉ်နှင့် ပြီးဆုံးသည့်နှစ်အလိုက် ရွေးချယ်ခွင့်ပေးသည်။