မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများ - MIMU အခြေခံ အချက်အလက်

ဤစာမျက်နှာတွင် MIMU နှင့် MIMU ၏ ထုတ်ကုန်များ နှင့် ပတ်သတ်၍ မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများ ကို စုစည်း တင်ပြထားပါသည်။ MIMU ၏ ထုတ်ကုန်များတွင် တည်နေရာဆိုင်ရာ အချက်အလက်များ၊ မြေပုံများ၊ HDP Nexus 5W ထုတ်ကုန်များ၊ အခြေခံဒေတာများ သာမက နိုင်ငံအဝှမ်းရှိ လူသားချင်း စာနာထောက်ထားမှု၊ ဖွံ့ဖြိုးရေး နှင့်  ငြိမ်းချမ်းရေး လုပ်ငန်းများကို အထောက်အကူပြု‌သော အခြားအရင်းအမြစ်များလည်း ပါရှိပါသည်။ အကြံပြုချက်များနှင့် မှတ်ချက်များအား ကြိုဆိုလျက်ရှိ ပြီး [email protected] သို့ ပေးပို့ ဆက်သွယ်နိုင်ပါသည်။

MIMU မှ မည်သည့် အချက်အလက်အမျိုးအစားများ ရရှိနိုင်မည်နည်း။

MIMU သည် အစီအစဥ် ဆွဲခြင်းနှင့် စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းစဉ်များကို ပံ့ပိုးပေးနိုင်ရန်အတွက် ကဏ္ဍ ၁၃ ခုမှ အညွှန်း ၂၉၂ ကျော်အပေါ်  ထုတ်ဝေထားသော ရင်းမြစ်များမှ ရရှိနိုင်သည့် အချက်အလက်များကို ခြေရာခံ ကောက်ယူထားသည့် အခြေခံ ဒေတာအစုကို စုဆောင်းထားသည်။ ၎င်းတွင် အမျိုးသားအဆင့် ဒေတာအစုများ (ဥပမာ လက်ရှိ ပြည်ထောင်စု၊ ပြည်နယ် / တိုင်းဒေသကြီး သို့မဟုတ် မြို့နယ်အဆင့်) မှ ရရှိနိုင်သည့် အနိမ့်ဆုံး အုပ်ချုပ်ရေးအဆင့်ရှိ အချက်အလက်များ ပါဝင်သည်။ ၁၀ နှစ်ဆက်တိုက် ထည့်သွင်းထားသော အချို့သော ရင်းမြစ်များမှ အချက်အလက်များသည် ကျွန်ုပ်တို့အား MIMU အခြေခံအချက်အလက်များကို အသုံးပြုပြီး မြို့နယ်အဆင့်တွင် အချိန်အတိုင်းအတာတစ်ခုအတွင်းရှိ ပြောင်းလဲတိုးတက်မှုများကို ခြေရာခံ ခွင့်ရစေသည်။ လွန်ခဲ့သောနှစ်များမှ အချက်အလက်ဖိုင်များသည် အလွယ်တကူ ဒေါင်းလုပ်ကူးယူရန်အတွက် file ကြီးမားသောကြောင့် ကျွန်ုပ်တို့၏ MIMU၀က်ဘ်ဆိုဒ် မှတဆင့်  တောင်းခံရမည် ဖြစ်ပါသည်။ ကျေးဇူးပြု၍ MIMU အရင်းအမြစ်စင်တာ [email protected] မှတဆင့် တောင်းခံပေးပါ။

မည်သည့် အချက်အလက်ကို ထည့်သွင်းထားသနည်း။ မည်သို့ ရှာဖွေရရှိနိုင် မည်နည်း။

MIMU အခြေခံဒေတာတွင် ပါ၀င်သည့် အညွှန်းကိန်းများစာရင်း List of Indicators ကို ပေးထားပါသည်။ ၎င်းတွင် တိုင်းတာမှု ညွှန်ကိန်း ယူနစ်၊ ကဏ္ဍ၊ အရင်းအမြစ်နှင့် သတင်းအချက်အလက် ရရှိနိုင်သည့် အုပ်ချုပ်ရေးအဆင့် (ပြည်ထောင်စု၊ ပြည်နယ် / တိုင်းဒေသကြီး သို့မဟုတ် မြို့နယ်အဆင့်) ကဲ့သို့သော အသေးစိတ် အချက်အလက်များကို ဖော်ပြထားသည်။

လူသားချင်း စာနာ ထောက်ထားမှု၊ ဖွံ့ဖြိုးရေး နှင့်  ငြိမ်းချမ်းရေး ကဏ္ဍနှင့် သက်ဆိုင်သော ညွှန်ကိန်းအသစ်များကို သတင်းအချက် အလက်များ ရလျဥ်ရသလို စာရင်းထဲသို့ ထပ်မံထည့်သွင်း ထားပါသည်။ ရရှိနိုင်သည့် အချက်အလက် များနှင့် start ပတ်သက်၍ အသုံးဝင်ပြီး ထပ်မံဖြည့်တင်းနိုင်သည်ဆိုပါက သင်၏ အကြံပြုချက်များကို ကျေးဇူးပြု၍ မျှဝေပေးပါ။

လတ်တလော MIMU အခြေခံအချက်အလက်ဖိုင်များကို အခြေခံအချက်အလက်စာမျက်နှာ Baseline Datasets page တွင် တွေ့နိုင်ပါ သည်။ ယခင်နှစ်များအတွက် ဒေတာများကိုလည်း မကြာခဏ ရရှိနိုင်ပြီး တောင်းဆိုမှုကို [email protected] မှတဆင့် ရယူနိုင်ပါသည်။

MIMU မှ အခြေခံအချက်အလက်များကို မည်သို့ တောင်းခံနိုင်သနည်း။

အွန်လိုင်းဒေတာတောင်းခံမှုဖောင် တင်နိုင်ရန်အတွက် ကျေးဇူးပြု၍ https://themimu.info/map-and-data-requests  သို့ သွားရောက်ပေးပါ။