မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများ - MIMU မြေပုံများနှင့် ပထဝီဝင် တည်နေရာဆိုင်ရာ အချက်အလက် ထောက်ပံ့မှု

ဤစာမျက်နှာတွင် MIMU နှင့် MIMU ၏ ထုတ်ကုန်များ နှင့် ပတ်သတ်၍ မကြာခဏ မေးလေ့ မေးထ ရှိသော မေးခွန်းများ ကို စုစည်း တင်ပြထားပါသည်။ MIMU ၏ ထုတ်ကုန်များတွင် တည်နေရာ ဆိုင်ရာ အချက်အလက်များ၊ မြေပုံများ၊ HDP Nexus 5W ထုတ်ကုန်များ၊ အခြေခံ ဒေတာများ သာမက နိုင်ငံအဝှမ်းရှိ လူသားချင်း စာနာ ထောက်ထားမှု၊ ဖွံ့ဖြိုးရေး နှင့်  ငြိမ်းချမ်းရေး လုပ်ငန်းများကို အထောက်အကူ ပြု‌သော အခြား အရင်းအမြစ်များလည်း ပါရှိပါသည်။ အကြံပြုချက်များနှင့် မှတ်ချက်များအား ကြိုဆိုလျက်ရှိ ပြီး [email protected] သို့ ပေးပို့ ဆက်သွယ်နိုင်ပါသည်။

MIMUမှ မည်သည့် မြေပုံ အမျိုးအစားများ ရရှိနိုင်သနည်း။

MIMU သည် မတူညီသော မြေပုံ အမျိုးအစား သုံးမျိုးကို ထောက်ပံ့ပေးနေပါသည်။

  • ရည်ညွှန်းခြင်း၊ စီမံခြင်းနှင့် အရေးပေါ် အခြေအနေများ အတွက် တိုင်းပြည်၏ ပထဝီ အနေအထား အမျိုးမျိုးကို ဖော်ပြသော အခြေခံ မြေပုံများ
  • တိုင်းပြည်၏ သီးခြား လက္ခဏာများကို ဖော်ထုတ်သည့် အကြောင်းအရာ အလိုက် မြေပုံများ။ ဥပမာ အားဖြင့် လူဦးရေ မြေပုံထုတ်ခြင်း၊ တစ်နိုင်ငံလုံးရှိ အေဂျင်စီလုပ်ငန်းများ (MIMU 5W)၊ ဘေးအန္တရာယ် ကျရောက်နိုင်သည့် ဒေသများ၊ ကျန်းမာရေးနှင့်  ပညာရေးဆိုင်ရာ အဆောက်အအုံများ၊ ဘုန်းတော်ကြီးသင်ပညာရေး၊ သယ်ယူ ပို့ဆောင်ရေး ကွန်ယက်များ၊ ကုန်သွယ် လမ်းကြောင်း ဆုံမှတ်နေရာများ စသည် ပါဝင်သည်။
  • စိတ်ကြိုက် မြေပုံများ ကို သီးခြား ရည်ရွယ်ချက်များ အတွက် တောင်းဆိုနိုင်သည်။ ဤ၀န်ဆောင်မှုကို မိတ်ဖက် အဖွဲ့အစည်းများ (MIMU ထုတ်ကုန်အတွက် ပံ့ပိုးသူများ)၊ အလှူရှင်များနှင့် သုသေသန အဖွဲ့အစည်း လူပုဂ္ဂိုလ်များ ၏ လူသားချင်း စာနာ ထောက်ထားမှု၊ ဖွံ့ဖြိုးရေး နှင့်  ငြိမ်းချမ်းရေး ဆိုင်ရာ အစပျိုး လုပ်ဆောင်မှုများ အတွက် ရရှိနိုင်သည်။

MIMU မြေပုံ၏ ပုံရိပ် ပြတ်သားမှု (resolution)မှာ အဘယ်နည်း ။ မည်သည်အရာများ မပါဝင်သနည်း။

MIMU မြေပုံ၏ ပုံရိပ် ပြတ်သားမှုမှာ ပထဝီ၀င်ဆိုင်ရာ တည်နေရာ အချက်အလက်နှင့် သတင်း အချက်အလက် ရင်းမြစ်များ၏ ရရှိနိုင်မှု၊ တိကျမှုနှင့် ယုံကြည် စိတ်ချရမှု ပေါ် မူတည်၍ ကွဲပြား နိုင်သော်လည်း  အရည်အသွေး မြင့်စေရန်နှင့် ထိရောက်မှု ရှိစေရန် အမြဲ ရည်မှန်း လုပ်ဆောင် နေပါသည်။ MIMU သည် ဒေသ အတွင်း ရရှိနိုင်သော သတင်း အချက်အလက်နှင့်  ဂြိုဟ်တု အချက်အလက်များမှ (အဓိကအားဖြင့် ဘေးအန္တရာယ် သက်ရောက်မှုများအတွက်) ထုတ်လုပ်ထားသော အခြေခံ မြေပုံများကို အသုံးပြု၍ နိုင်ငံအဆင့်မှ ကျေးရွာအုပ်စု အဆင့် မြေပုံများကို ပံ့ပိုးပေးနေပါသည်။ MIMU သည် မြို့ကြီးများနှင့် ကျေးရွာများအတွင်း မှ တည်နေရာ အသေးစိတ်များ ကို ပြသပေးသည့် မြေပုံများကို ပြင်ဆင် ထုတ်ဝေမှု မပြုပါ။ မြေပြင် တည်နေရာ ကိုသြဒိနိတ်မရှိသော ရွာများမှာ MIMU မြေပုံများတွင် ပေါ်မည် မဟုတ်သော်လည်း MIMU နေရာ သင်္ကေတကုဒ်တွင် မှတ်တမ်းတင် ထားရှိပေးမည် ဖြစ်မည်။

ကျွန်ုပ်ရှာဖွေချင်သော မြေပုံကို မည်သို့ ရှာကြည့်နိုင်မည်နည်း။

  • MIMU အခြေခံ မြေပုံများ နှင့် အကြောင်းအရာ ဆိုင်ရာမြေပုံများ ကို ပင်မစာမျက်နှာရှိ GIS အရင်းအမြစ်များနှင့် အေဂျင်စီ မြေပုံများ အောက်ရှိ - GIS အရင်းအမြစ်များစာမျက်နှာ GIS Resources page ၏ မြေပုံများ ကဏ္ဍတွင် တွေ့နိုင်သည်။
  • စိတ်ကြိုက် မြေပုံများ ကို ပင်မစာမျက်နှာရှိ GIS အရင်းအမြစ်များနှင့် အေဂျင်စီမြေပုံများ အောက်ရှိ အေဂျင်စီ မြေပုံများစာမျက်နှာ Agency Maps page တွင် တွေ့နိုင်ပါသည်။
  • မြေပုံဟောင်းများကို ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်မှ တစ်ဆင့် ရယူရန် ကြိုးစားလျှင် အရွယ်အစား ကန့်သတ်ချက် များကြောင့် လွယ်ကူမည် မဟုတ်ပါ။ အကယ်၍ သင်အနေနှင့် မြေပုံ အဟောင်း ကို ရှာဖွေရန် သို့မဟုတ် တစ်ခုခုရှာ မတွေ့ပါက MIMU အရင်းအမြစ် စင်တာ MIMU Resource Centre သို့ တိုက်ရိုက်ဆက်သွယ်ပါ။

စိတ်ကြိုက် မြေပုံ ဆိုသည်မှာ အဘယ်နည်း။ ကျွန်ုပ်တို့ မည်သို့ တောင်းဆိုရမည်နည်း။

  • စိတ်ကြိုက် မြေပုံသည် MIMU ၏မိတ်ဖက် အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ အခြေစိုက် အလှူရှင်များ၏ တောင်းဆိုချက်အရ MIMU မှ ပြင်ဆင် ထုတ်လုပ်ပေးသော မြေပုံ ဖြစ်သည်။ ထိုမြေပုံများသည် ယေဘုယျအားဖြင့် တောင်းဆိုသော အေဂျင်စီ / ဌာနမှပေးသော အချက်အလက်များနှင့် MIMU မှ နောက်ခံ အချက်အလက် အချို့တို့အပေါ် အခြေခံ၍ ပြုလုပ်ထားသည်။ ဤမြေပုံများသည် အခမဲ့ ဖြစ်သော်လည်း ကြိုတင် အသိပေး တောင်းခံရန် လိုအပ်ပါသည်။
  • စိတ်ကြိုက် မြေပုံ တောင်းဆိုခြင်း ပုံစံ ကို ဖြည့်၍ လိုအပ်သော၊ ရှင်းလင်းပြီးသား နေရာပြကုဒ် များပါသော သတင်း အချက်အလက် / မြေပုံ ရေးဆွဲရန် အဆင်သင့် ဖြစ်နေသည့် အချက်အလက်များကို ဖြည့်ဆည်း ပေးခြင်းဖြင့်  MIMU မှ စိတ်ကြိုက် မြေပုံများကို တောင်းဆိုနိုင်သည်။ ထို့နောက် MIMU အဖွဲ့သည် အကောင်းဆုံး လုပ်ဆောင် ပေးနိုင်ရန်နှင့် နောက်ထပ် လိုအပ်ချက်များကို ရှင်းလင်းစေရန် တောင်းခံသည့် အေဂျင်စီ၏ အဓိက ဆက်သွယ်ရမည့် သူနှင့် ပူးပေါင်း ဆက်သွယ် ဆောင်ရွက်ပေးမည် ဖြစ်သည်။

မြေပုံ အားလုံးကို လူတိုင်းကြည့်နိုင်ပါသလား။ ကျွန်ုပ်၏အချက်အလက်ကိုလျို့ဝှက် ပေးနိုင်ပါသလား။

တခြား ထူးထူးခြားခြား သဘောတူညီမှု မရှိလျှင် လုပ်ပြီးသွားသော မြေပုံများ ကို MIMU website ပေါ်သို့ တင်ပါမည်။ အကယ်၍ သင့် အချက်အလက် သည် လျို့ဝှက်ရမည့် သဘောရှိလျှင် MIMU ကို ကြိုပြောနိုင်ပါသည်။ စိတ်ကြိုက်မြေပုံ တောင်းဆိုခြင်း ပုံစံတွင်လည်း ဤအချက်ကို ထည့်ပေးထားပါသည်။

MIMUမှ ပုံနှိပ်ထားသည့် မြေပုံများ ပံ့ပိုး ပေးပါသလား။ ၎င်းတို့အတွက် မည်မျှ ကုန်ကျ မည်နည်း။

မိတ်ဖက် အဖွဲ့အစည်းများနှင့် အလှူရှင်များ၏ တောင်းဆိုချက်အရ MIMU သည် လုပ်ငန်း ဆောင်ရွက်ရန်အတွက် ပုံနှိပ် ထုတ်ဝေထားသည့် MIMU ထုတ်ကုန်များကို  ရွက်ရေ အကန့်အသတ်ဖြင့် အခမဲ့ ထောက်ပံ့ ပေးနေပါသည်။ သို့သော် ဤလုပ်ဆောင်မှု အတွက် ကျွန်ုပ်တို့၏ ဘတ်ဂျက်သည် အကန့်အသတ် ရှိကြောင်းနှင့် သုံးစွဲသူများသည် MIMU ဝက်ဘ်ဆိုက်တွင် ထုတ်ဝေထားသော မြေပုံများကို ဈေးသက်သာစွာဖြင့် ပြည်တွင်း ပုံနှိပ်စက်များတွင် ဗီနိုင်း သို့မဟုတ် စက္ကူဖြင့် ပုံနှိပ် ထုတ်ယူနိုင်ကြောင်း  သတိပြု စေချင်ပါသည်။ ပိုမို သိရှိလိုပါက MIMU အရင်းအမြစ် စင်တာ MIMU Resource Centre ကို ဆက်သွယ်ပါ။

ထုတ်ဝေမှု တစ်ခုခု တွင် MIMU မြေပုံများ ကို အသုံးပြုနိုင်ပါသလား။

ပြုနိုင်ပါသည် - သို့သော် အောက်ပါ အချက်အလက်များကို လိုက်နာရပါမယ်။ (၁) ကျွန်ုပ်တို့၏  စာဖြင့်ရ ေးသားထားသော  သဘောတူညီချက် မပါဘဲ သင်သည် MIMU ထုတ်ကုန်များကို  မည်သည့် ပြောင်းလဲမှုမှ မပြုလုပ်ရပါ၊ (၂) ထုတ်ကုန်ကို ရောင်းချခြင်း မပြုလုပ်ရပါ၊ (၃) MIMU ကို အရင်းအမြစ် source အဖြစ်  အပြည့်အဝ အသိအမှတ်ပြု သည်ဟု သေချာစေရပါမည်။  အသေးစိတ် အချက်အလက်များကို  ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ရှိ စည်းမျဥ်း စည်းကမ်းနှင့် သတ်မှတ်ချက်များ Terms and Conditions အောက်တွင် တွေ့နိုင်သည်။

ကျွန်ုပ်၏ ဝက်ဘ်ဆိုဒ်တွင် MIMU မှ ရရှိသော ပထဝီဆိုင်ရာ အချက်အလက်များကို သုံးနိုင်ပါသလား။

မရပါ - MIMU၏  စာဖြင့် ရေးသားထားသော သဘောတူညီချက် မပါဘဲ မပြုလုပ်နိုင်ပါ။ မြန်မာနိုင်ငံရှိ လူသားချင်း စာနာ ထောက်ထားမှု၊ ဖွံ့ဖြိုးရေး နှင့်  ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ဆောင်မှုများကို ထောက်ပံ့ရန် MIMU ၏ နေရာဒေသ အလိုက် အချက်အလက်နှင့် ထုတ်ကုန်များကို စုစည်း ထားခြင်းဖြစ်သည်။ ဤထုတ်ကုန်များ အတွက် ရရှိနိုင်သော  အချက်အလက် များတွင် ကန့်သတ်ချက်များ ရှိနေသောကြောင့် interactive ဝက်ဆိုဒ် သို့မဟုတ် ဝက်ဘ်မြေပုံ ပလက်ဖောင်းများတွင် ဤအချက်အလက် ကို မည်သို့ အသုံးပြုနိုင်သည်နှင့် ပတ်သတ်ပြီး ကန့်သတ်မှုများ ရှိပါသည်။ ပိုမိုသိရှိလိုပါက MIMU ၏ ဝက်ဘ်ဆိုဒ် အသုံးပြုမှုဆိုင်ရာ စည်းမျဥ်း စည်းကမ်းနှင့် သတ်မှတ်ချက်များ MIMU Terms and Conditions of Use တွင် ကြည့်ရှုနိုင်ပါသည်။

MIMU အချက်အလက် အစုများကို ကျွန်ုပ်၏ကိုယ်ပိုင် ၀က်ဘ်ဆိုက်မှ ဖြန့်ဝေနိုင်ပါသလား။

မရပါ - MIMU၏ သဘောတူညီချက် မပါဘဲ မလုပ်ပါရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။ ၀ဘ်ဆိုဒ်များတွင် အချိန်နှင့် တပြေးညီ မဟုတ်တော့သည့် သတင်း အချက်အလက်များကို ရှိနေမှုကို ရှောင်ရှားနိုင်စေရန် ဖြစ်သည်။

အချို့ ရွာအမည်များ MIMU မြေပုံပေါ်တွင် မရှိ နေရခြင်း နှင့် ၎င်းတို့ကို မည် သို့ ပြင်ဆင်နိုင်ပါသနည်း။

အောက်ဖော်ပြပါ ပြဿနာရပ်သုံးခုကြောင့် အချို့သော ကျေးရွာ အမည်များကို MIMU မြေပုံပေါ်တွင် ဖော်ပြပေးနိုင်မည် မဟုတ်ပါ။ -

  • ထိုကျေးရွာသည် MIMU နေရာ သင်္ကေတကုဒ် ဒေတာဘေ့စ်တွင် မပါ၀င်နေခြင်း။ MIMU  နေရာ သင်္ကေတကုဒ်များတွင် တရားဝင် မှတ်ပုံတင်ထားသော ကျေးရွာများနှင့် မှတ်ပုံတင်ထားခြင်း မရှိသေးသော်လည်း မြေပြင်သတင်းများမှ ၎င်းတို့ တည်ရှိမှုကို အစီရင်ခံ တင်ပြပြီး ဖြစ်သည့် ကျေးရွာများ ပါဝင်သည်။ ကျေးဇူးပြု၍ ဤသို့သော ကျေးရွာကို  Pcode Submission and Correction Form ကို အသုံးပြုပြီး နေရာ သင်္ကေတကုဒ် ဒေတာဘေ့စ်တွင် ထည့်သွင်းရန် လိုအပ်ကာ  MIMUသို့ ပေးပို့သင့်ပါသည်။
  • ကျေးရွာတွင် GPS ကိုသြဒီနိတ်များ မရှိသေးခြင်း။ MIMU သည် တိုင်းပြည် အတွင်းရှိ တက်ကြွသော အေဂျင်စီများနှင့် ပူးပေါင်း၍ MIMU Place Code ဒေတာဘေ့စ်စာရင်းတွင် ဖော်ပြထားသော ကျေးရွာများ၏ ၇၉% အတွက် GPS ကိုသြဒီနိတ်များကို စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။ သင်၏ ကျေးရွာသည် အခြားသော  ၂၁% တွင် ပါဝင်နေခြင်း ဖြစ်နိုင်သည်။ ကျေးရွာ GPS လမ်းညွှန်ချက်များ မည်သို့စုဆောင်းရမည်၊ MIMU သို့ မည်သို့  တင်ပြ ပေးပို့ရမည်စသည့်  အသေးစိတ်အချက်အလက်ကို P-code Request Form တွင်လည်းကောင်း၊ MIMU GIS အဖွဲ့ ([email protected] သို့မဟုတ် [email protected])သို့ လည်းကောင်း ဆက်သွယ်နိုင်ပါသည်။
  • အကြောင်းပြချက်အမျိုးမျိုးကြောင့် ကျေးရွာ “မရှိတော့” ခြင်း။ တရားဝင် အသိပေးချက်များတွင် ဖျက်သိမ်းထားသော သို့မဟုတ် ပြန်လည် ထည့်သွင်း ခံထားရသော ကျေးရွာ အချို့အား MIMU မြေပုံ၏ ပြင်ဆင် ထည့်သွင်းချက်များတွင် မတွေ့ရနိုင်ပေ။ ထိုသို့သော ကျေးရွာများအား MIMU Place Code စာရင်း၊ ၂ဝ၁ဝခုနှစ်တွင် မှတ်တမ်း တင်ထားပါသည်။

MIMU နေရာ သင်္ကေတကုဒ်များဆိုသည်မှာ အဘယ်နည်း။

Place Codes သည် စာပို့ သင်္ကေတများကဲ့သို့ တိုင်းပြည်အနှံ့ အခြေချ နေထိုင်ရာနေရာများ အတွက် ထူးခြားသော အမှတ်အသားဖြစ်သည်။ Place codes  များ သည် အခြား ကျယ်ပြန့်စွာ အသုံးပြုသောစနစ်ဖြင့် အခြေချ နေထိုင်ရာနေရာများ ကို နေရာသင်္ကေတ မသတ်မှတ်ထားသည့် နေရာ၌ နိုင်ငံတကာတွင် အသုံးပြုသော စနစ်ကို  အသုံးပြုမှု တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ နေရာသင်္ကေတကုဒ် များ ကို သုံးကာ ကွဲပြားသော  ရင်းမြစ်များမှ ဒေတာများကို အုပ်ချုပ်မှုအဆင့် အမျိုးမျိုး (ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး၊ မြို့နယ်၊ ကျေးရွာအုပ်စု သို့မဟုတ် ကျေးရွာအဆင့်များ)တွင် အချက်အလက်များကို ချိတ်ဆက်ကာ နှိုင်းယှဉ်ခြင်း သို့မဟုတ် ခွဲခြမ်း စိတ်ဖြာခြင်းများ ပြုလုပ်နိုင် ပါသည် ။ ဥပမာ ကျေးရွာအုပ်စုတစ်ခု၏ ပညာရေးနှင့်  အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များ (သို့)  အန္တရာယ်ရှိသော ဒေသများကို ပိုမို နားလည်နိုင်စေသော  ငှက်ဖျားရောဂါနှင့် သစ်တောဖုံးလွှမ်းမှု အချက်အလက်များ။ MIMU သည်  လူသားချင်း စာနာ ထောက်ထားမှုနှင့် ဖွံ့ဖြိုးရေး အေဂျင်စီများ အသုံးပြုရန် အတွက် မြန်မာနိုင်ငံ၌ နေရာ သင်္ကေတကုဒ်အား တည်ထောင်ခဲ့ပြီး ၎င်းသည် ကွဲပြားသော ရင်းမြစ်များမှ အချက်အလက် များကို MIMUမှ ပြုစုထားသော နေရာ အကွာအဝေးဒေတာများကို အသုံးပြု၍ အတူတကွ စုစည်းပြီး မြေပုံထုတ်နိုင်စေရန် ခွင့်ပြုပေးသည်။ နေရာ သင်္ကေတကုဒ်နှင့် ပတ်သတ်သည့် အသေးစိတ် အချက်အလက်များအား http://themimu.info/place-codes နှင့် http://themimu.info/mm/place-codes မှတဆင့် ရယူနိုင်ပါသည်။