မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများ - MIMU HDP NEXUS 5W

ဤစာမျက်နှာတွင် MIMU နှင့် MIMU ၏ ထုတ်ကုန်များ နှင့် ပတ်သတ်၍ မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများ ကို စုစည်းတင်ပြထားပါသည်။ MIMU ၏ ထုတ်ကုန်များတွင် တည်နေရာဆိုင်ရာ အချက်အလက်များ၊ မြေပုံများ၊ HDP Nexus 5W ထုတ်ကုန်များ၊ အခြေခံ သတင်း အချက်အလက်များသာမက နိုင်ငံအဝှမ်းရှိ လူသားချင်း စာနာ ထောက်ထားမှု၊ ဖွံ့ဖြိုးရေး နှင့်  ငြိမ်းချမ်းရေး လုပ်ငန်းများကို အထောက်အကူ ပြု‌သော အခြား အရင်းအမြစ်များလည်း ပါရှိပါသည်။ အကြံပြုချက်များနှင့် မှတ်ချက်များအား ကြိုဆိုလျက်ရှိပြီး [email protected] သို့ ပေးပို့ ဆက်သွယ်နိုင်ပါသည်။

MIMU HDP NEXUS 5W ဆိုသည်မှာအဘယ်နည်း။

MIMU “မည်သူက မည်သည့်စီမံကိန်းများကို မည်သည့်နေရာများတွင် မည်သည့် ပရောဂျက်အခြေအနေနှင့် အချိန်သတ်မှတ်ချက်အတိုင်း မည်သို့ လုပ်ဆောင်နေသနည်း” ဒေတာဘေ့စ် (MIMU HDP NEXUS 5W) သည် လူသားချင်း စာနာ ထောက်ထားမှု၊ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် လုပ်ဆောင်မှုများကို ထိထိရောက်ရောက်  ဖြစ်စေမည့် ညှိနှိုင်း ဆောင်ရွက်မှုများကို ထောက်ပံ့ပေးပြီး သတင်း အချက်အလက် ပိုမို စုံလင်စွာဖြင့်  စီမံကိန်း ရေးဆွဲနိုင်ရန် နှင့် ရင်းမြစ် ခွဲဝေနိုင်ရန်  ပံ့ပိုးပေးနေသည်။ HDP Nexus 5W သည် မည်သည့် အဖွဲ့အစည်းများ သည် မည်သည့် စီမံကိန်း လှုပ်ရှားမှုများ ကို မည်သည့် နေရာ ဒေသများတွင်၊ မည်သည့်အချိန်၌ (စီမံကိန်းကာလ) နှင့်၊ မည်သူ့အတွက် လုပ်ဆောင်နေ သနည်း ဟူသည့် မည်သည့် ၅ မျိုး နှင့်ပတ်သက် သည့် နောက်ဆုံးရ သတင်း အချက်အလက်များကို အဖွဲ့အစည်းများနှင့် အလှူရှင်များ၏ လုပ်ဆောင် ချက်များ ပိုမို ကောင်းမွန်စေရန် အတွက် ထိန်းသိမ်း ပေးထားပြီး အကျိုး ခံစားခွင့်ရှိသူများအား လူသားချင်း စာနာ ထောက်ထားမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ရန်အတွက် ရည်ရွယ်ပါသည်။

MIMU Myanmar HDP Nexus 5W ကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီးတွင် စတင်တည်ထောင်ခဲ့ပြီး ထိုအချိန်မှ စ၍ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အေဂျင်စီများမှ လူသားချင်း စာနာထောက်ထားမှု၊ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် လုပ်ဆောင်မှုများကို ထင်ဟပ်ပြသရန် တိုးချဲ့လုပ်ဆောင်ခဲ့သည်။

အေဂျင်စီများသည် ၄င်းတို့ စီစဉ်ထားသော၊ ဆက်လက် လုပ်ဆောင်နေသောနှင့် မကြာသေးမီက ပြီးစီးခဲ့သည့် လုပ်ငန်းများဆိုင်ရာ သတင်း အချက်အလက်များကို မြန်မာနိုင်ငံအတွင်း လက်ရှိ လုပ်ကိုင်နေသော နည်းပညာ / ကဏ္ဍအလိုက် အဖွဲ့များက တည်ထွင် သတ်မှတ်ထားသည့် ကဏ္ဍများနှင့် ကဏ္ဍခွဲဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုချက် များအား အသုံးပြု၍ ၆ လ တစ်ကြိမ် မျှဝေပေးသည်။ HDP Nexus 5W ဒေတာများကို MIMU မှစုစည်းထားပြီး စီစဉ်ထားပြီးဖြစ်သော၊ ဆက်လက် လုပ်ဆောင်နေသောနှင့် မကြာသေးမီက ပြီးစီးခဲ့သော စီမံကိန်းများကို မြေပုံများ၊ ဒတ်ရှ်ဘုတ်များ၊ အစီရင်ခံစာများနှင့် အချက်အလက် ထုတ်ကုန်များဖြင့် ပြည်သူများ သိစေရန် ထုတ်ပြန်ပေးသည်။ MIMU HDP NEXUS 5W တွင် ပါ၀င်သော အေဂျင်စီများသည် HDP Nexus 5W မှတ်တမ်းများတွင် ပါ၀င်သော အသေးစိတ် အချက်အလက်များကို ဆုံးဖြတ်နိုင်ကာ HDP Nexus 5W အချက်အလက်များတွင် “ကန့်သတ် ထားသော” သတင်း အချက်အလက်အချို့ရှိ သည်ဟုဆိုပါက MIMU ထုတ်ကုန်များတွင် အများပြည်သူအတွက် မထုတ်ပြန်နိုင်ပေ။ 

5W ကို ဘယ်နှစ်ကြိမ်ပြု လုပ်ပါသနည်း။ MIMU HDP NEXUS 5W ကို မည်သူ ပံ့ပိုးသနည်း။

MIMU HDP NEXUS 5W ကို ပါဝင်သူများ (NGO များနှင့် CBO များ၊ ကုလသမဂ္ဂနှင့် ကြက်ခြေနီအဖွဲ့များနှင့် အကောင်အထည်ဖော်သည့် အလှူရှင်များ) မှ တင်ပြသော အစီရင်ခံစာများအပေါ် အခြေခံကာ ခြောက်လတစ်ကြိမ် ပြုစုသည်။ 

စီမံကိန်း သတင်းအချက်အလက်များကို MIMU HDP NEXUS 5W တွင် မည်သို့ ထည့်သွင်း ရမည်နည်း။

MIMU သည် ၆ လပတ် HDP Nexus 5W အချက်အလက်များကို Excel ပုံစံဖြင့် ရိုးရှင်းသော အချက်အလက် ထည့်သွင်းခြင်းပုံစံကို သုံး၍ ကောက်ယူသည်။ ပါ၀င်နိုင်ရန် HDP Nexus 5W အချက်အလက် ထည့်သွင်းမှု လမ်းညွှန် MIMU HDP NEXUS 5W data entry form guideline ကို ကြည့်ပါ သို့မဟုတ် လိုအပ်ချက်များကို နားလည်ရန်နှင့် ပုံစံဖြည့်ရန်အတွက်  သင့်အား ကူညီပေးနိုင်သည့်  MIMU HDP NEXUS 5W အထောက်အကူပြုအစည်းအဝေး တက်ရောက်နိုင်ရန် MIMU ကို ဆက်သွယ်ပါ။ စီမံကိန်း အသေးစိတ် အချက်အလက်များကို ပုံစံဖြင့် ဖြည့်ပြီး MIMU ([email protected]) သို့ ပြန်လည်ပေးပို့ပါ။ အဖွဲ့အစည်းများ အနေဖြင့် ၎င်းတို့၏ HDP Nexus 5W အချက်အလက်များကို MIMU နှင့် မျှဝေခြင်းဖြင့် အချိန်မရွေး ပြင်ဆင် မွမ်းမံနိုင်သည်ကို သတိပြုပါ။ HDP Nexus 5W Dashboard နှင့် HDP Nexus 5W Raw data files များတွင် ပြောင်းလဲမှုများ ထင်ဟပ်နိုင်သော်လည်း ကျွန်ုပ်တို့၏ ၆ လတစ်ကြိမ် ပုံမှန် HDP Nexus 5W အချက်အလက် စုဆောင်းခြင်း (နှစ်စဉ်  ဖေဖော်ဝါရီနှင့် သြဂုတ်လ) အချိန်နှင့် မတိုက်ဆိုင်ပါက MIMU၏ အသေးစိတ် မြေပုံများနှင့် ဇယားများတွင် ဖော်ပြနိုင်မှု ရှိမည်မဟုတ်ပေ။

စီမံကိန်းများ၊ အေဂျင်စီများ၏ သတင်းအချက် အလက်များကို မည်သို့ ရှာဖွေနိုင်မည်နည်း။

သတင်းအချက်အလက်များကို MIMU HDP NEXUS 5W စာမျက်နှာ၏ လက်ရှိ HDP Nexus 5W အပိုင်းတွင် ရှာဖွေနိုင်ပါသည်။

  • HDP Nexus 5W ခြုံငုံသုံးသပ်ချက်နှင့် စစ်တမ်း - HDP Nexus 5W ခြုံငုံသုံးသပ်ချက်ကို အသုံးပြုသူများအတွက် ပိုမိုလွယ်ကူသည့် ပုံစံများဖြင့် အသေးစိတ်ကျသော HDP Nexus 5W ခွဲခြမ်းစိတ်ဖြာမှုများကို ပံ့ပိုးပေးနိုင်ရန် MIMU အဖွဲ့က လုပ်ဆောင်ခဲ့သည်။
  • HDP Nexus 5W မြေပုံများ၊ ဇယားများနှင့် ကုန်ကြမ်းဒေတာများ - စီမံကိန်း အချက်အလက်များ၊ HDP Nexus 5W မြေပုံများနှင့် HDP Nexus 5W အစီရင်ခံစာ ပါဝင်သည်။
    • စီမံကိန်း  အချက်အလက်များသည် အဖွဲ့အစည်း တစ်ခုစီမှ အကောင်အထည် ဖော်နေသော အသေးစိတ် အချက်အလက်များကို ကြည့်ရှုနိုင်ရန် သင့်အား ကူညီပါလိမ့်မည်။
    • HDP Nexus 5W မြေပုံများကို မြို့နယ်နှင့် ကျေးရွာအုပ်စုအလိုက် ရရှိနိုင်သည်။ မြို့နယ်အဆင့်သည် ယေဘုယျ လွှမ်းခြုံနိုင်မှုကို ပြသနေသော်လည်း ကျေးရွာအုပ်စုအဆင့်တွင် အသေးစိတ်အချက်အလက်များကို ရည်ညွှန်းပေးသည်။
    • HDP Nexus 5W အစီရင်ခံစာ -  ပုံစံဇယားသည် ကဏ္ဍအလိုက်နှင့် ကဏ္ဍခွဲများအလိုက် တစ်နိုင်ငံလုံးရှိ  အဖွဲ့အစည်းများ တည်ရှိခြင်းကို ပြသည်။ ၎င်းတို့ကို ကဏ္ဍတစ်ခုချင်းအလိုက် သို့မဟုတ် တိုင်းဒေသကြီး / ပြည်နယ် တစ်ခုချင်းအလိုက် သို့မဟုတ် တစ်နိုင်ငံလုံး အတိုင်းအတာအလိုက်  သို့မဟုတ် အထူးစိတ်ဝင်စားသည့် ဒေသ တစ်ခုစီအလိုက် (အရှေ့တောင်ပိုင်း သို့မဟုတ် အပူပိုင်းဒေသ) စသည် ရွေးချယ်နိုင်သည်။
  • HDP Nexus 5W Dashboards သည် HDP Nexus 5W ရလဒ်များကို ခြုံငုံ ဖော်ပြပေးသည်။
    • မြို့နယ် HDP Nexus 5W ဒတ်ရှ်ဘုတ်သည် မြို့နယ်၊ ကဏ္ဍတစ်ခုစီနှင့် အေဂျင်စီများ၏ မကြာသေးမီက ပြုလုပ်ခဲ့သော HDP Nexus 5W ရလဒ်များကို ပြသပေးသည်။
    • ကျေးရွာအုပ်စု HDP Nexus 5W ဒတ်ရှ်ဘုတ်သည် ကဏ္ဍများ/ကဏ္ဍခွဲများ၊ ကျေးရွာအုပ်စုနှင့် စီမံကိန်း ဦးတည်ချက်များအရ မကြာသေးမီက ပြုလုပ်ခဲ့သော HDP Nexus 5W ရလဒ်များကို ပြသပေးသည်။