မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများ - MIMU အကြောင်း

ဤစာမျက်နှာတွင် MIMU နှင့် MIMU ၏ ထုတ်ကုန်များ နှင့် ပတ်သတ်၍ မကြာခဏ မေးလေ့မေးထ ရှိသော မေးခွန်းများ ကို စုစည်း တင်ပြထားပါသည်။ MIMU ၏ ထုတ်ကုန်များတွင် တည်နေရာဆိုင်ရာ အချက်အလက်များ၊ မြေပုံများ၊ HDP Nexus 5W ထုတ်ကုန်များ၊ အခြေခံဒေတာများ သာမက နိုင်ငံအဝှမ်းရှိ လူသားချင်း စာနာထောက်ထားမှု၊ ဖွံ့ဖြိုးရေး နှင့်  ငြိမ်းချမ်းရေး လုပ်ငန်းများကို အထောက်အကူပြု‌သော အခြား အရင်းအမြစ်များလည်း ပါရှိပါသည်။ အကြံပြုချက်များနှင့် မှတ်ချက်များအား ကြိုဆိုလျက်ရှိ ပြီး [email protected] သို့ ပေးပို့ ဆက်သွယ်နိုင်ပါသည်။

MIMU ဆိုသည်မှာအဘယ်နည်း၊ မည်သူ့အတွက် ဖြစ်သနည်း။

Myanmar Information Management Unit (MIMU) ကို ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေကြသူများ၏ သက်သေ အထောက်အထားများကို အခြေခံသည့် လေ့လာ ဆန်းစစ်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း များကို အထောက်အကူ ပေးရန်အတွက် တည်ထောင်ခဲ့သည်။ MIMU တွင် ပထဝီ၀င် ဆိုင်ရာ အချက်အလက်များ သာမက လူသားချင်း စာနာ ထောက်ထားမှု၊ ဖွံ့ဖြိုးရေး နှင့်  ငြိမ်းချမ်းရေး ဆိုင်ရာ ကဏ္ဍများမှ အချက်အလက် များကိုလည်း စုစည်း ထိန်းသိမ်း ထားပေးသည်။

MIMU ၏ အဓိကရည်ရွယ်ထားသော ပရိသတ် ဖြစ်သော ပြည်သူများထံသို့ ရောက်ရှိရန် လူသားချင်း စာနာ ထောက်ထားမှု၊ ဖွံ့ဖြိုးရေး နှင့်  ငြိမ်းချမ်းရေး ဆိုင်ရာ ဆောင်ရွက်နေကြသော အေဂျင်စီများ၊ အလှူရှင်များနှင့် သုသေသန အဖွဲ့အစည်း လူပုဂ္ဂိုလ်များ မှတဆင့် ဆောင်ရွက်နေပါသည်။ လူသားချင်း စာနာ ထောက်ထားမှု၊ ဖွံ့ဖြိုးရေး နှင့်  ငြိမ်းချမ်းရေး အစီအစဉ်များ နှင့် ပတ်သတ်သည့် အကျိုးအမြတ် မယူသော အသုံးပြုမှုများ အတွက်သာ MIMU က အခမဲ့ဝန်ဆောင်မှုပေးနေပါသည်။

MIMU က မည်သို့ လုပ်ဆောင်သနည်း။

MIMU သည် လူသားချင်း စာနာထောက်ထားမှု၊ ဖွံ့ဖြိုး တိုးတက်မှုနှင့် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော လုပ်ငန်းများ အတွက် အရင်းအမြစ်များကို ညှိနှိုင်းခြင်း၊ စီစဉ်ခြင်းနှင့် ခွဲဝေ ချထားပေးခြင်းများ ဆိုင်ရာ သတင်း အချက်အလက် ဝန်ဆောင်မှုများ၊ ထုတ်ကုန်များနှင့် စွမ်းရည် မြှင့်တင်ရေးကို ထောက်ပံ့ ကူညီပေးနေပါသည်။ MIMU ၏ အမျိုးမျိုးသော လုပ်ဆောင်မှု များကို အောက်ဖော်ပြပါ ဇယားတွင် ခြုံငုံဖော်ပြထားသည်။

ကျွန်ုပ်တို့ MIMU ၏ ဌာနတွင်း စွမ်းဆောင်ရည်များတွင် သတင်း အချက်အလက် စီမံခန့်ခွဲမှု IM စနစ်များ ဖွံ့ဖြိုး တိုးတက်ရေး၊ ဒေတာနှင့် ဒေတာဘေ့စ် စီမံခန့်ခွဲမှု၊ ပထဝီ၀င် ဆိုင်ရာ အချက်အလက် စီမံခန့်ခွဲမှု၊ မြေပုံနှင့် အချက်အလက် ပုံထုတ်ခြင်း၊ အချက်အလက် ဆန်းစစ်ချက်၊ ၀က်ဘ်/ အိုင်စီတီနှင့် အရင်းအမြစ် စင်တာကို အထောက်အပံ့ ပေးသော ဆက်သွယ်မှု / ကွန်ရက် ၀န်ဆောင်မှုများ သာမက အမျိုးမျိုးသော သက်ဆိုင် ပတ်သတ် သူများနှင့် တက်တက်ကြွကြွ  ထိတွေ့ ဆက်ဆံမှုများ လည်း ပါဝင်ပါသည်။

MIMU မှ ထိန်းသိမ်းထားသော သတင်း အချက်အလက်များနှင့် သတင်း အချက်အလက် သိုလှောင်မှုသည် ကဏ္ဍ အားလုံးနှင့် အမျိုးမျိုးသော အရင်းအမြစ်များမှ ရရှိနိုင်သော အနိမ့်ဆုံး အုပ်ချုပ်ရေး ယူနစ် ( ကျေး ရွာ / ရပ်ကွက် စသည် )ရှိ အချက်အလက် အမျိုးမျိုး (ပထဝီ၀င် ဆိုင်ရာ အချက်အလက် အပြင် စာရင်းဇယား) အမျိုးမျိုးကို စုစည်း ထားသည်။ ထိုအချက် အလက်များကို MIMU မှ စီမံ ဆောင်ရွက်ပေးပြီး  လူသားချင်း စာနာ ထောက်ထားမှု၊ ဖွံ့ဖြိုးရေး နှင့်  ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်းများ၏ စီမံကိန်း ရေးဆွဲခြင်း၊ အကောင်အထည် ဖော်ခြင်းနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်းများကို ပံ့ပိုး ကူညီရာ၌ အသုံးပြုရ လွယ်ကူစေမည့် ပုံစံများ ဖြစ်အောင် လုပ်ဆောင်ပေး နေပါသည်။

MIMU သည် နေရာဒေသ ကဏ္ဍ အမျိုးမျိုးမှ သတင်း အချက်အလက် ဖလှယ်ခြင်းနှင့် စုဆောင်းခြင်းကို ဆောင်ရွက်ရာတွင် စနစ်ကျသော အချက်အလက် စံနှုန်းများ အသုံးပြုလာရန် နေရာ သင်္ကေတကုဒ် ကဲ့သို့သော စနစ်များ အစပျိုး လုပ်ဆောင်မှုများနှင့် အေဂျင်စီများကြား သတင်း အချက်အလက် စီမံခန့်ခွဲမှု ကွန်ယက်ကို ခေါ်ယူခြင်းများ ပြုလုပ်ကာ မြင့်တင်ပေးနေပါသည်။

MIMU ၏ လှုပ်ရှားမှု များနှင့် ၀န်ဆောင်မှုများ
သတင်း အချက်အလက်
ဝန်ဆောင်မှု များ
  • တစ်နိုင်ငံလုံးရှိ HDP Nexus 5W - မည်သူက မည်သည့်စီမံကိန်းများကို မည်သည့်နေရာများတွင် မည်သည့် ပရောဂျက်အခြေအနေနှင့် အချိန်သတ်မှတ်ချက်အတိုင်း မည်သို့ လုပ်ဆောင်နေသနည်း။ (ရာပေါင်းများစွာသော ပံ့ပိုးပေးသည့် အေဂျင်စီများ)
  • စစ်တမ်းများနှင့် ပုံနှိပ်ထုတ်ဝေခြင်းများ ကောက်ယူခြင်း
မြေပုံထုတ်ခြင်းနှင့် GIS
  • အခြေခံ (ကျေးရွာအဆင့်အထိ)၊ အကြောင်းအရာအလိုက်နှင့် စိတ်ကြိုက်မြေပုံများ
  • မြေပုံအလွှာများ - Geonode
  • Geospatial စံနှုန်းများ (ကျေးရွာများ၏ ၇၉% အထိ အကျုံးဝင်သည့် နေရာကုဒ်များ)
  • MIMU Map Maker
  • အရေးပေါ်တုံ့ပြန်မှုကို ပံ့ပိုးရန် ဘုံနှင့်အခြေခံဒေတာစုများ
  • ရေကြီးမှုစောင့်ကြည့်ရေးဒက်ရှ်ဘုတ်များ
နည်းပညာ အထောက်အပံ့
  • သတင်း အချက်အလက် စီမံ ခန့်ခွဲမှုနှင့် သက်ဆိုင်သော လုပ်ဆောင်မှုများ တွင် အကြံဥာဏ်နှင့် ပံ့ပိုးမှု ပေးသော နည်းပညာ အရင်းအမြစ်
  • အချက်အလက် စီမံခန့်ခွဲမှု၊ GIS နှင့် သတင်း အချက်အလက် စီမံခန့်ခွဲမှုတွင် နည်းပညာ နှင့် စွမ်းရည်မြှင့် သင်တန်း များ
  • ဒေတာ ဘေ့စ်များနှင့် စစ်တမ်း များအား ဒီဇိုင်း ပံ့ပိုးပေးခြင်း
ဒေတာသိုလှောင်မှု
  • ရရှိနိုင်သမျှ  အချက်အလက်များကို မြို့နယ် အဆင့်ထိ ကောက်ခံခြင်း (ရင်းမြစ် ၄၃၁ ခုမှ ညွှန်းကိန်း ၂၉၂ ခု)
  • စီမံကိန်း ရေးဆွဲခြင်းနှင့် ဆန်းစစ် လေ့လာခြင်းကို အထောက်အကူ ပြုရန် အချက်အလက် ကိရိယာ tools များ (မြို့နယ်၊ ထိခိုက်လွယ်မှုပြဇယားများ၊ Excel မြေပုံဆွဲခြင်း ...)
  • ဒေတာနှင့် ဒေတာ ဘေ့စ် စီမံခန့်ခွဲမှု ဆိုင်ရာ နည်းပညာ အရင်းအမြစ်များ
  • စိတ်ကြိုက် ဒေတာ တောင်းဆိုမှုများကို ပံ့ပိုးပေးခြင်း
ဆန်းစစ်လေ့လာချက်
  • ဒေတာခွဲခြမ်းစိတ်ဖြာခြင်းနှင့် ထုတ်ဝေမှုများ
    • သောက်ရေ ရရှိနိုင်မှု ဆန်းစစ် လေ့လာမှု (၂၀၁၄-၂၀၁၉)
    • မြန်မာနိုင်ငံရှိ မသန်စွမ်းမှု အခြေအနေ (၂၀၁၄ - ၂၀၁၉)
    • အိမ်အသုံးအဆောင်ပစ္စည်းများ အခြေအနေ (၂၀၁၄ - ၂၀၁၉)
    • ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အချက်များအခြေအနေ (၂၀၂၂)
    • မြန်မာ့ ညမြင်ကွင်း (၁၉၉၂-၂၀၂၂)
    • မြန်မာနိုင်ငံရှိ ထိခိုက်လွယ်မှု အခြေအနေ သုံးသပ်ချက် (၂၀၁၈)
    • အရှေ့တောင်ပိုင်း အခြေအနေ ဆန်းစစ်ချက် (၂၀၁၆)
  • ကျားမတန်းတူရေး၊ မြေမြုပ်မိုင်း၊ ညှိနှိုင်းရေးအဖွဲ့များနှင့်ဆိုင်သော အင်ဖိုဂရပ်ဖစ်များ
IM ညှိနှိုင်း ဆောင်ရွက်ခြင်းနှင့် ကွန်ယက်
  • သတင်း အချက်အလက် စီမံခန့်ခွဲမှု၊  IM လုပ်ဆောင်မှုနှင့် ချဉ်းကပ်မှုများကို ခိုင်မာစေရန် နှင့် လိုက်လျော ညီထွေ ဖြစ်စေရန် အေဂျင်စီ အချင်းချင်း၏ IM ကွန်ယက်နှင့် GIS အလုပ်အဖွဲ့ကို ဦးဆောင်ခြင်း
  • မြန်မာဘာသာစကားဖြင့် IM အဖွဲ့အသစ်ကို ၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းခြင်း
  • အေဂျင်စီ အချင်းချင်း နှင့် အလှူရှင်များ၏ ညှိနှိုင်း ဖွဲ့စည်းပုံနှင့် စဦး လုပ်ဆောင်မှု များကို ကူညီ ထောက်ပံ့ခြင်း
နိုင်ငံအဆင့် စနစ်များ ခိုင်မာ အားကောင်းစေခြင်း
  • အရေးပေါ် အခြေအနေများ အတွင်း နည်းပညာ ပံ့ပိုးမှု
  • ကဏ္ဍအသီးသီးအတွက် ဒေတာအရည်အသွေး၊ ရရှိနိုင်မှုနှင့် ခွဲခြမ်းစိတ်ဖြာမှုကို အားကောင်းစေရန် အစပျိုးမှုများ
ဖြန့်ဝေခြင်း / ဖြန့်ချီခြင်း
  • MIMU ဝက်ဘ်ဆိုက် - အရေးပေါ်၊ လူသားချင်း စာနာမှု၊ ဖွံ့ဖြိုး တိုးတက်မှုနှင့် ငြိမ်းချမ်းရေး ကဏ္ဍများအတွက် ရာနှင့်ချီသော မြန်မာ ဘာသာနှင့် အင်္ဂလိပ် ဘာသာ စာမျက်နှာ များ
  • နှစ်စဉ် စာမျက်နှာများကို အကြိမ် သန်းပေါင်းများစွာ ကြည့်ရှုကြကာ ၊ MIMU ထုတ်ကုန်များကို ကျယ်ကျယ်ပြန့်ပြန့် ဒေါင်းလုပ်ရယူကြခြင်း

MIMU အခြေခံမူများ

  • MIMU အနေဖြင့် သတင်း အချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ ဖန်တီးမှု အားကောင်းသော၊ တီထွင် ဆန်းသစ်သော နည်းလမ်းများ ရရှိနိုင်ရန် ထိရောက်၍ လွတ်လပ်သော လုပ်ငန်းစဉ် တစ်ရပ်ကို ခိုင်မာစွာ ရေးဆွဲနိုင်ရန်နှင့် မြန်မာနိုင်ငံအပေါ် ဦးစားပေး အလေးထား၍ လူသားချင်း စာနာမှုဆိုင်ရာနှင့် ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် နေကြသည့် အဖွဲ့အစည်းများ အကြား ရေရှည် တည်တံ့သည့် သတင်း အချက်အလက် စီမံခန့်ခွဲမှု စွမ်းရည်များ ဆိုင်ရာ အခြေခံ ကောင်းများ ချမှတ်နိုင်ရန် ရည်ရွယ်ပါသည်။
  • MIMU သည် မြန်မာနိုင်ငံအဝှမ်း လုပ်ငန်း ဆောင်ရွက်နေကြသည့် လူသားချင်း စာနာမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးအတွက် သတင်း အချက်အလက် အရင်းအမြစ် တစ်ခု ဖြစ်၍၊ မည်သည့် လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ခုတည်း၏ လိုအပ်ချက် များကို ဦးစားပေး ဝန်ဆောင်နေခြင်း မဟုတ်ပါ။
  • MIMU ၏ လုပ်ငန်းများသည် သက်သေ အထောက်အထား များကို အခြေခံသည့် လုပ်ငန်းစဉ် ကို ကျင့်သုံးပြီး၊ ကဏ္ဍ အားလုံးကို လွှမ်းခြုံပါသည်။ ကမ္ဘာ့ ကုလသမဂ္ဂ နိုင်ငံဆိုင်ရာ အဖွဲ့နှင့် လူသားချင်း စာနာမှု နိုင်ငံဆိုင်ရာ အဖွဲ့တို့မှ သတ်မှတ်ပေးသော ဦးစားပေး နယ်ပယ်များအပေါ် သာမက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အချက်အလက်များ ဖြည့်ဆည်း ပေးနေခြင်း ဖြစ်ပါသည်။
  • MIMU ၏ ဝန်ဆောင်မှု နှင့် စဦး လုပ်ဆောင်မှုများသည် ဒေသ နှင့် နိုင်ငံအဆင့်များတွင် အလေ့အထ ကောင်း များ တိုးတက်လာစေရန် ရည်ရွယ်ပြီး တချိန်ထဲတွင် ပြည်သူကို အခြေခံခြင်းနှင့် ပရိပက္ခများကို သတိထား တုန့်ပြန်ခြင်း ဟူသော မူဝါဒ များကို ထိန်းသိမ်းရန်
  • MIMU မှ ရရှိသည့်၊ ဖန်တီး ဖြန့်ဝေသည့် အချက်အလက်များနှင့် သတင်းများ အားလုံးကို ကမ္ဘာ့ ကုလသမဂ္ဂ နိုင်ငံဆိုင်ရာအဖွဲ့၊ လူသားချင်း စာနာမှု နိုင်ငံဆိုင်ရာအဖွဲ့၊ လူသားချင်း စာနာမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အဖွဲ့အစည်းများက စုပေါင်း ပိုင်ဆိုင်ပါသည်။ MIMU သည် သတင်း အချက်အလက်များကို အများပြည်သူ အလွယ်တကူ လေ့လာ နိုင်စေရန် အစဉ်မပျက် ကြိုးစားနေ သော်လည်း အခြေအနေရ ထုတ်ပြန်ပေးရန် ခက်ခဲသော သတင်း အချက်အလက်များ သို့မဟုတ် မူကြမ်းအဆင့်တွင် ရှိနေသော အချက်အလက်နှင့် သတင်း ထုတ်ပြန်ချက်များအား အသုံးပြုခွင့်နှင့်/ သို့မဟုတ် ဖြန့်ဝေခြင်းကို ကန့်သတ်ထားမည် ဖြစ်ပါသည်။ 

မည်သို့ ငွေကြေးထောက်ပံ့မှု ရသနည်း။

MIMU ၏လုပ်ငန်းများ ကို ထောက်ပံ့ရန် အတွက် နှစ်ရှည် ထောက်ပံ့သော အလှူရှင်နှစ်ဦး မှသုံးဦး အထိ ရှာဖွေပါသည်။ MIMU တွင် အခြားမည်သည့် အရင်းအမြစ် ထံမှ အဓိက ရန်ပုံငွေ မရှိပါ။ အလှူရှင်များ၏ ပံ့ပိုးမှု ကြောင့်  MIMU သည် လူသားချင်း စာနာထောက်ထားမှု၊ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု / ငြိမ်းချမ်းရေးနှင့် ဆိုင်သော လုပ်ဆောင်မှုများကို ထောက်ပံ့ရန် ၀န်ဆောင်မှုများကို အခမဲ့ ပေးနေပါသည်။ ပုဂ္ဂလိက ကဏ္ဍ ကုမ္ပဏီများသည်လည်း MIMU ထုတ်ကုန်များကို အမြတ် အစွန်းအတွက် ရောင်းချခြင်းမပြုပါက MIMU ၏ အရင်းအမြစ်များကို ၎င်းတို့ ကိုယ်ပိုင် စရိတ်ဖြင့် အသုံးပြုနိုင်ပြီး MIMU ကို ရင်းမြစ် source အဖြစ် သင့်လျော်စွာ အသိအမှတ် ပြုရသည်။

မည်သို့ စီမံအုပ်ချုပ်သနည်း။

MIMU သည် ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး၏ တိုက်ရိုက် ကြီးကြပ်မှု အောက်တွင် ကုလသမဂ္ဂ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သည့် အဖွဲ့အစည်း များ၊ မြန်မာ NGO များနှင့် မြန်မာနိုင်ငံ အခြေစိုက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်များ ပါ၀င်သည့် MIMU အကြံပေး ဘုတ်အဖွဲ့မှ မဟာဗျူဟာမြောက် လမ်းညွှန်မှုဖြင့် ဖြစ်တည်လာသည်။ ဤအချက်က MIMU သည် လူသားချင်း စာနာ ထောက်ထားမှု၊ ဖွံ့ဖြိုးရေး နှင့်  ငြိမ်းချမ်းရေး ကဏ္ဍများ၏ သတင်း အချက်အလက် စီမံခန့်ခွဲမှု  လိုအပ်ချက်များကို ထောက်ပံ့သည့် ကျယ်ပြန့်သော ၀န်ဆောင်မှု တစ်ခုဖြစ်ကြောင်း ထင်ဟပ်စေသည်။

MIMU သည် မြန်မာနိုင်ငံတွင် သာမက အခြားနိုင်ငံများ၌ပါ ရှိပါသလား။

MIMU သည် မြန်မာပြည် အတွက်သာ ရည်ရွယ်သည့် ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ နိုင်ငံတစ်ဝှမ်းရှိ လူသားချင်း စာနာထောက်ထားမှု၊ ဖွံ့ဖြိုးရေး နှင့်  ငြိမ်းချမ်းရေး ကဏ္ဍ အားလုံးအတွက် သတင်း အချက်အလက် စီမံခန့်ခွဲရေး ၀န်ဆောင်မှု ပေးနေသော မြန်မာနိုင်ငံရှိ တစ်ခုတည်းသော ဝန်ဆောင်မှုဖြစ်သည်။