ဒေသန္တရအုပ်ချုပ်ရေး မြေပုံထုတ်ခြင်း
စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများအတွက် အစိုးရ၏ မူဘောင်သည် ပြည်သူဗဟိုပြု ဖွံ့ဖြိုး တိုးတက်မှုများ လိုအပ်ကြောင်း ဖော်ပြထားပြီး ပြည်သူလူထုပါ၀င်မှု၊ သန့်ရှင်းသော အစိုးရ၊ ပြည်နယ် / တိုင်းဒေသကြီး အစိုးရတို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ ပိုမိုပေးအပ်ခြင်း မှတဆင့် ဤရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ခြေလှမ်းပြင်ပြီးဖြစ်သည်။ ၂၀၁၃ ခုနှစ် နို၀င်ဘာလတွင် UNDP နှင့် ပြည်ထဲရေး ၀န်ကြီးဌာနသည် ဆုံးဖြတ်ချက် ချမှတ်မှုများတွင် နိုင်ငံသားများ၏ အသံပါဝင်မှု၊ အခြေခံ ဝန်ဆောင်မှုများ ရရှိမှုစသည့် ပြည်သူများအနေနှင့် ဒေသန္တရ အုပ်ချုပ်ရေး ရှုထောင့်များကို မည်သို့ခံစားနေရသည်ကို သိရှိရန် တစ်နိုင်ငံလုံးဆိုင်ရာ အုပ်ချုပ်မှုမြေပုံကို စတင်ခဲ့သည်။ ရည်ရွယ်ချက်မှာ အုပ်ချုပ်မှု အရည်အသွေးနှင့် ၀န်ဆောင်မှု ပေးခြင်း(အခြေခံကျန်းမာရေး၊ မူလတန်းပညာရေးနှင့်ရေပေးဝေရေး စသည့် အခြေခံ ဝန်ဆောင်မှုများ) အပေါ် ပြည်သူလူထု၏ သဘောထားအမြင်ကို မြို့နယ်နှင့် ကျေးရွာအုပ်စု သို့မဟုတ် ရပ်ကွက်အဆင့်တို့တွင် ခြုံငုံသုံးသပ်ရန် ဖြစ်သည်။ထိုမျှမက ဒေသန္တရအုပ်ချုပ်မှု ကောင်းမွန်ခြင်းနှင့် ထိရောက်သော ၀န်ဆောင်မှုပေးခြင်း များအတွက် စွမ်းဆောင်ရည်ကို တိုးတက်စေရန် အစိုးရနှင့်အစိုးရ မဟုတ်သော သက်ဆိုင်သူများ၏ ဆက်စပ်စွမ်းရည် လိုအပ်ချက်များကို ဖော်ထုတ်ရန်လည်း ရည်ရွယ်သည်။
ပြည်နယ်နှင့်တိုင်း ၁၄ ခုမှ မြို့နယ် ၅၆ မြို့နယ်ရှိ ကျေးရွာအုပ်စု / ရပ်ကွက် ၁၁၂ ခုတွင် မြေပုံရေးဆွဲခြင်းကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြီးစီးခဲ့သည်။ လေ့လာမှုတွင် နိုင်ငံသား ၈၅၀၀ နှင့် အစိုးရ၀န်ထမ်း ၃၀၀၀ ခန့်ပါဝင်ခဲ့သည်။ ဤစာမျက်နှာတွင် အဓိက တွေ့ရှိချက်များကို မီးမောင်းထိုးပြပြီး အစီရင်ခံစာများ၊ လက်ကမ်းစာစောင်များနှင့် အချက်အလက်များကို မျှဝေထားသည်။
Local Governance Mapping Process
Local Governance Mapping Dashboard
ဒေသန္တရအုပ်ချုပ်ရေးမြေပုံရေးဆွဲခြင်း၏ အဓိကကိရိယာမှာ နိုင်ငံသားများ၏ အမြင်များကို ရယူရန် ရည်ရွယ်သည့် Citizen Report Card ဖြစ်သည်။ စစ်တမ်းကောက်ယူခြင်း မေးခွန်းလွှာများသည် ဒေသန္တရအုပ်ချုပ်မှုစနစ်ကို ဖော်ပြနိုင်ရန်အတွက် ဖန်တီးထားခြင်းဖြစ်သည်။ ဖြေဆိုသူများအား အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တိုက်ရိုက်ပြောဆိုရန် တောင်းဆိုခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် နိဂုံးချုပ် သုံးသပ်ပေးနိုင်ရန် ခွင့်ပြုသည့် မေးခွန်းများမေးခဲ့သည်။
ဤသည် ဒတ်ရှ်ဘုတ်သည် အဓိကတွေ့ရှိချက်များကို နိုင်ငံသားအစီရင်ခံစာကဒ် (CRC) ၏အချက်အလက်များအရ တင်ပြထားသည် -
- ဖြေဆိုသူ၏ကိုယ်ရေးအကျဉ်း (Respondent's Profile)
- ဖွံ့ဖြိုးရေး ဦးစားပေးမှုများ သို့မဟုတ် စိန်ခေါ်မှုများ (Development Priorities or Challenges)
- ပါဝင်မှုအဆင့် (Level of Participation)
- တန်းတူညီမျှမှုအဆင့် (Level of Equity)
- အကျိုးရှိမှုနှင့်ထိရောက်မှုအဆင့် (Level of Efficiency and Effectiveness)
- သတင်းအချက်အလက် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုအဆင့်များ (Levels of Information Transparency and Accountability)
Useful Resources
Reports & Publications
Myanmar
Databases & Questionnaires
Title | Format | Size | Uploaded |
---|---|---|---|
CRC Questionnaires from Phase I,II,III.zip |
zip |
1.51 MB | 19-Nov-2015 |
Citizen Report Card Framework.docx |
docx |
27.55 KB | 19-Nov-2015 |
VT/Ward Administrators & Frontline Service Providers Database.xlsx |
xlsx |
1.77 MB | 19-Nov-2015 |
Citizen Report Card Database.xlsx |
xlsx |
5.24 MB | 19-Nov-2015 |