MIMU အကဲဖြတ်မှု/ထုတ်ဝေမှု ခြေရာခံခြင်း ခြုံငုံသုံးသပ်ချက် ဒက်ရှ်ဘုတ်

ကျွန်ုပ်တို့၏ မကြာသေးမီက မွမ်းမံထားသော ခြုံငုံသုံးသပ်ချက်ဒက်ရှ်ဘုတ်သည် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ၏ ကဏ္ဍ ၂၅ ခုတွင် အေဂျင်စီ ၁၉၇ ခုမှ ပံ့ပိုးပေးထားသည့် စုစုပေါင်းအကဲဖြတ်မှု ၂,၄၅၉ ခုကို ပြသထားသည်။ မြန်မာနိုင်ငံရှိ ထုတ်ဝေမှုများနှင့် အကဲဖြတ်ချက်များဆိုင်ရာ အသေးစိတ်အချက်အလက်များကို MIMU ၏ သီးသန့်စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။

ဒက်ရှ်ဘုတ်တွင် တွေ့မြင်နိုင်သည့်အတိုင်း ၂၀၂၃ ခုနှစ် သြဂုတ်လတွင် အစီရင်ခံတင်ပြထားသော အကဲဖြတ်/ထုတ်ဝေမှုများ၏ ၄၁ ရာခိုင်နှုန်းကို တစ်နိုင်ငံလုံးအဆင့်တွင် ပြုလုပ်ခဲ့ပြီး၊ ၎င်းနောက်တွင် ရခိုင်ပြည်နယ်ကဲ့သို့ သီးခြားပြည်နယ်နှင့် တိုင်းဒေသကြီး (၁၃%)၊ ထို့နောက် ရန်ကုန်၊ ရှမ်းပြည်နယ် (၊ မြောက်ပိုင်း)၊ဧရာဝတီ၊မန္တလေး၊ကရင်နှင့်မွန် တို့မှ ပြုလုပ်ခဲ့ပါသည်။

ဤလုပ်ငန်းစဉ်တွင် ၎င်းတို့၏တက်ကြွစွာပါဝင်ဆောင်ရွက်မှုအတွက် အေဂျင်စီများအားလုံးကို ကျွန်ုပ်တို့မှ ကျေးဇူးတင်ရှိပါသည်။ ထပ်မံသိရှိလိုပါက [email protected] သို့ ဆက်သွယ်နိုင်ပါသည်။ အစီအစဉ်ဆွဲထားသော၊ လုပ်ဆောင်ဆဲ သို့မဟုတ် ပြီးမြောက်သော အကဲဖြတ်ခြင်း/ထုတ်ဝေမှုများဆိုင်ရာ အချက်အလက်များကို မျှဝေစေချင်ပါသည်။