၂၀၂၃ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ အစီရင်ခံစာအချက်အလက်ပါရှိသော နောက်ဆုံးထွက် MIMU 5W အပတ်စဉ်မှ ထုတ်ကုန်အားလုံးကို MIMU ဝဘ်ဆိုဒ်တွင် စတင်လွှင့်တင်လိုက်ပြီဖြစ်သည်။ ၎င်းတို့ကို အောက်ပါလင့်ခ်များမှ ဝင်ရောက်လေ့လာနိုင်ပါသည်။
- အခြေအနေများ(လုပ်ဆောင်ဆဲ၊ ပြီးစီးမှု စသည်ဖြင့်)၊ ကဏ္ဍများနှင့် အဖွဲ့အစည်း အမျိုးအစားများအပါအဝင် ပြည်နယ်/တိုင်းဒေသကြီး၊ မြို့နယ်နှင့် ကျေးရွာအုပ်စုအဆင့်များတွင် အစီရင်ခံထားသော လုပ်ဆောင်ချက်များကို အပြန်အလှန် ခြုံငုံသုံးသပ်ပေးသော 5W ခြုံငုံသုံးသပ်ချက် ဒက်ရှ်ဘုတ်၊ 5W မြို့နယ်အဆင့် ဒက်ရှ်ဘုတ်နှင့် 5W ကျေးရွာအုပ်စုအဆင့် ဒက်ရှ်ဘုတ်။
- တစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ခုချင်းစီအတွက် ကျေးရွာအုပ်စုနှင့် မြို့နယ်အဆင့်ရှိ ကဏ္ဍများနှင့် ကဏ္ဍခွဲများအလိုက် 5W မြေပုံများ။
ဤလေ့ကျင့်ခန်းတွင် တက်ကြွစွာပါဝင်မှုအတွက် ပံ့ပိုးပေးသည့် အထူးသဖြင့် 5W focal များကို MIMU မှ ကျေးဇူးတင်ရှိပြီး နောက်အပတ်စဉ်တွင် သင့်ထံမှ ဆက်လက်ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုများကို ကျွန်ုပ်တို့မျှော်လင့်ပါသည်။ ကျေးဇူးပြု၍ သင်၏မှတ်ချက်များနှင့် အကြံပြုချက်များကို ဆက်သွယ်ရန်ဖောင် မှတစ်ဆင့် ကျွန်ုပ်တို့နှင့် မျှဝေပါ။