အပြည်ပြည်ဆိုင်ရာ NGO များ ဖိုရမ်

၂ဝဝ၇ ခုနှစ် နောက်ပိုင်းမှ စ၍ တည်ထောင်ခဲ့သော INGO ဖိုရမ်ကို နိုင်ငံတကာ NGO များ၊ ကြက်ခြေနီ လှုပ်ရှားမှုအဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားပြီး (၂ဝ၁၃ ခုနှစ် နိုဝင်ဘာလတွင် အဖွဲ့ဝင်ပေါင်း ၆၉ခုအထိ ပါဝင်လာပါသည်)၊ နိုင်ငံအတွင်း လူသားချင်းစာနာ ထောက်ထားမှု/ ပြန်လည်ထူထောင်ရေး/ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ စံနှုန်းများနှင့် မူများကို လိုက်နာ ဆောင်ရွက်ခြင်း၊ ညှိနှိုင်း ဆောင်ရွက်မှု အစီအစဉ် များတွင် ပါဝင် ဆောင်ရွက်ရန် တာဝန်ယူခြင်းတို့ကို လုပ်ကိုင် ဆောင်ရွက်နေပါသည်။ INGO ဖိုရမ်ကို အခြေခံ အား ဖြင့် INGOs များမှ ဆုံးဖြတ်ချက် ချခွင့်ရှိသည့် ဦးဆောင်သူများ အကြား ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများနှင့် ပါတ်သက်သည့် ညှိနှိုင်း ဆွေးနွေးမှုများကို  ပုံမှန် ပြုလုပ်ပေးနိုင်ရန် အတွက် ရည်ရွယ်ထား ပါသည်။  ၎င်း INGO ဖိုရမ်ကို လူသားချင်း စာနာထောက်ထားမှု/ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ် များ လုပ်ကိုင် ဆောင်ရွက် နေသော ပြည်တွင်း NGO များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း၊ ကုလသမဂ္ဂ အေဂျင်စီများ၊ အလှူရှင်များ၊ ပညာရပ်ပိုင်းဆိုင်ရာ အဖွဲ့အစည်းများ နှင့်အတူ မဟာဗျူဟာ ဆွေးနွေးမှုများ ဖော်ဆောင်ရေး နှင့် အဖွဲ့အစည်း ဆိုင်ရာ ကန့်သတ်ချက်များကို ဖြေရှင်းရန် စုပေါင်း မဟာဗျူဟာ ချမှတ်ရေး တို့အတွက် လည်း ရည်ရွယ် ထားပါသည်။

ဖိုရမ်၏ အခြေခံ ဖွဲ့စည်းပုံတွင် အဆင့် ၃ ဆင့် ပါဝင်ပါသည် –

  • INGO ဖိုရမ် – လစဉ် ကျင်းပသည့် INGO ဖိုရမ်ကို အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ တက်ရောက်ကြပါသည်။
  • ဦးဆောင် ကော်မတီ (လက်ရှိ အဖွဲ့ဝင် ၅ ဦး)
  • INGO ညှိနှိုင်းရေးရုံး - ၎င်းကို INGO များကြား ညှိနှိုင်း ဆောင်ရွက်မှုများကို ထောက်ကူပေးရန်၊ အခြားသော လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဆောင်ရွက်သူများနှင့် ပူးပေါင်း ဆောင်ရွက်မှု နှင့် သတင်း အချက်အလက် ဖလှယ်မှုများကို မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ INGO များအတွက် ညှိနှိုင်း ဆောင်ရွက်မှု၊ ကိုယ်စားပြုမှု၊ လုပ်ငန်း ဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များ၊ မဟာဗျူဟာ မူဝါဒ၊ ထောက်ခံ အကြံပေးမှု၊ ငွေကြေး ထောက်ပံ့မှု၊ ပြည်တွင်း NGO များ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ အလှူရှင်များ နှင့် အခြားသော လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ပါဝင် ဆောင်ရွက်သူများနှင့် ပတ်သက်သည့် ညှိနှိုင်း ဆောင်ရွက်မှု လုပ်ငန်းများ၏ လိုအပ်ချက်များ ပံ့ပိုးပေးခြင်း စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အဓိက ဆက်သွယ် ဆောင်ရွက်ရာ ဌာနအဖြစ် ဆောင်ရွက်ပေးပါ သည်။

ဖိုရမ်သည် INGO အဖွဲ့ဝင်တစ်ခုစီ၏ နိုင်ငံတကာမှ သတ်မှတ် ပေးထားသော လုပ်ပိုင်ခွင့် မူဘောင်များ အတွင်းမှသာ လုပ်ကိုင် ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှုအဖွဲ့နှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ NGO များ၏ ကျင့်ထုံးနှင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ပဋိညာဉ်တို့တွင် အသေးစိတ် ဖော်ပြထားသော မူများကို လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်သည်။

ဆက်သွယ်မှုဆိုင်ရာ အသေးစိတ်အချက်အလက် – [email protected]

စာရွက်စာတမ်းများ

 

၎င်းကဏ္ဍတွင် အဖွဲ့အစည်း အချင်းချင်း ညှိနှိုင်း ဆောင်ရွက်မှု ပုံသဏ္ဍာန်နှင့် သက်ဆိုင်သော သတင်း အချက်အလက်များ၊ နိုင်ငံလုံး ဆိုင်ရာ နည်းဗျူဟာများ၊ စီမံချက်များနှင့် အခြား ညှိနှိုင်း ဆောင်ရွက်ခြင်း ၊ စီမခံချက် ရေးဆွဲခြင်း နှင့် အရင်း အမြစ်များ ခွဲဝေပေးခြင်းတို့နှင့် သက်ဆိုင်သော အဓိက အချက်အလက် များ ပါဝင်ပါသည်။

ရည်ညွှန်းစာရွက်စာတမ်းများ

Title Format Size Uploaded
Report_Working Through Ambiguity - INGOs in Myanmar_Harvard_2011.pdf pdf
1.72 MB 23-Apr-2014