မိုးရာသီ အပြည့်အဝ ရောက်ရှိလာပြီး နိုင်ငံ၏ အချို့နေရာများတွင် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိသည့် ယခုအချိန်တွင် မြစ်ချောင်းများဖြစ်စေ၊ ဆည်များကဲ့သို့ လူလုပ် ရေလှောင်တမံများဖြစ်စေ ရေမှတ်များကို ထိရောက်စွာ စောင့်ကြည့်လေ့လာနိုင်ခြင်းသည် ရေကြီးမှုအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းတို့တွင် အရေးကြီးပါသည်။
Myanmar Geoinformatics Society ၏ ပံ့ပိုးမှုဖြင့် MIMU ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော အောက်ပါ အရင်းအမြစ်နှစ်ခုသည် ယခုကာလအတွင်း အသုံးဝင်နိုင်ပါသည် -
- မြစ်ရေအမှတ် Dashboard (River Water Level Dashboard) : မြစ်ကမ်းတစ်လျှောက် မြို့အသီးသီးတွင် တိုင်းတာထားသော အဓိက မြစ်များ၏ ရေမှတ်များနှင့် သတိပေးချက် အခြေအနေများကို နေ့စဉ် အပ်ဒိတ်လုပ်၍ ဖော်ပြပေးပါသည်။
- ဆည်ရေအမှတ် Dashboard (Dam Water Level Dashboard) : မြစ်ရေအမှတ် Dashboard ကို ဖြည့်စွက်ပေးပြီး တစ်နိုင်ငံလုံးရှိ ဆည်များ၏ လက်ရှိ ရေမှတ် အခြေအနေနှင့် ရေတိုကာလ ပြောင်းလဲမှု များကို စောင့်ကြည့်လေ့လာနိုင်ပါသည်။
📝 Dashboard နှစ်ခုစလုံးကို MIMU ဝက်ဘ်ဆိုက်တွင် လေ့လာကြည့်ရှုနိုင်ပါသည်။










