မြေပုံနှင့်အချက်အလက် တောင်းခံချက်
MIMU သတင်း အချက်အလက်များ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမို သိရှိလိုပါလျှင် အမှတ် ၆ ၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ တွင် တည်ရှိသော MIMU Resource Center သို့ ကြွလှမ်း ခဲ့ပါရန် ဖိတ်ခေါ်ပါသည်။
လက်ရှိ MIMU မြေပုံတစ်ခုကို ပရင်တာဖြင့်ထုတ်ပေးရန် တောင်းခံချက်
လူသားချင်း စာနာ ထောက်ထားမှု နှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ အဖွဲ့ အစည်းများ၊ အစိုးရနှင့် ဋ္ဌာနဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများ အနေဖြင့် MIMUတွင်ရှိသော မြေပုံများကို ပရင့်ထုတ်ပေးရန် တောင်းခံနိုင်ပါသည်။ အောက်တွင်ဖော်ပြထားသည့် အွန်လိုင်းပုံစံကို ဖြည့်စွက်၍ လည်းကောင်း (သို့မဟုတ်) မြေပုံပရင့် ထုတ်ပေးရန် တောင်းခံချက်ပုံစံ ကို download ကူးယူ ဖြည်သွင်းပြီး [email protected] သို့ ပြန်လည် ပေးပို့ပါ။ အရေအတွက် များပြားသော ပရင့်ထုတ်ယူခြင်းများ သို့မဟုတ် ပိုမိုတာရှည်ခံသော ဗီနိုင်းချပ် ပရင့်ထုတ်ယူခြင်းများ အတွက်မူ ပုံနှိပ် ကြော်ငြာ ထုတ်စက်/ဆိုင် လိပ်စာများကို MIMU မှ လမ်းညွှန်ပေးပါမည်။
လိုအပ်ချက်အရသီးသန့်ဆွဲပေးသောမြေပုံများတောင်းခံချက်
စီမံကိန်း ရေးဆွဲခြင်း နှင့် ညှိနှိုင်းခြင်း လုပ်ငန်းများကို ပံ့ပိုးပေးရန် လိုအပ်သော မြေပုံများကို MIMU က ပြုလုပ် ပေးနိုင်ပါသည်။ ပြုပြင် ဆောင်ရွက်မှု အချိန်သည် အလုပ်လုပ်ရက် ၁ဝ ရက် ကြာမြင့်မည်ဖြစ်သည်။ ဤကဲ့သို့သော မြေပုံများကို ပြီးပြည့်စုံအောင် ဆောင်ရွက်ရန် လိုအပ်သော အချက်အလက်များ အားလုံးသည် MIMU တွင် အဆင်သင့် မရရှိနိုင်ပါက တောင်းခံသော အဖွဲ့အစည်းမှ ဖြည့်ဆည်းပေးရန် လိုအပ်မည် ဖြစ်သည်။ အောက်ပါ အွန်လိုင်းပုံစံကို ဖြည့်စွက်ပါ သို့မဟုတ် သီးသန့် မြေပုံတောင်းခံချက် ပုံစံကို download ကူးယူ ဖြည့်စွက်ပြီး [email protected] သို့ ပြန်လည် ပေးပို့ပါ။