MIMU မြေပုံအသစ်- ၂၀၂၃ ခုနှစ် ခန့်မှန်းလူဦးရေ ဖြန့်ကျက်နေထိုင်မှု မြေပုံ (၁ ကီလိုမီတာ resolution)

MIMU ၏ နောက်ဆုံးထွက် မြေပုံသည် ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ ဖြန့်ကျက်နေထိုင်မှုကို ဖော်ပြထားပြီး၊ လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်သူများအတွက် နိုင်ငံတစ်ဝှမ်း လူများ မည်သည့်နေရာတွင် နေထိုင်ကြသည်ကို အသေးစိတ် grid မြင်ကွင်းဖြင့် ကြည့်ရှုနိုင်စေပါသည်။

WorldPop ဒေတာကို အခြေခံကာ၊ မြို့နယ်ကဲ့သို့ အုပ်ချုပ်ရေးအဆင့်များအလိုက် ကိန်းဂဏန်းများ ဖော်ပြခြင်းအစား၊ ဤ grid စနစ်မြေပုံသည် ကွက်တစ်ခုစီကို လူဦးရေသိပ်သည်းမှု နည်းသည်မှ များသည်အထိ အရောင်ခြယ်ဖော်ပြထားခြင်းဖြင့်၊ အုပ်ချုပ်ရေးနယ်နိမိတ်များဖြင့် ရရှိနိုင်သည်ထက် ပိုမိုကြည်လင်ပြတ်သားသော နေထိုင်မှုပုံစံများကို မြင်တွေ့နိုင်စေပါသည်။ အကြီးဆုံး မြို့ပြဧရိယာများ၏ အသေးစိတ်အချက်အလက်များ ပေါ်လွင်စေရန်အတွက်၊ မြေပုံတွင် မန္တလေးမြို့၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့ကို ချဲ့ထားသော အကွက်ငယ် (inset) သုံးခု ထည့်သွင်းထားပါသည်။

MIMU ဝက်ဘ်ဆိုက်မှ မြေပုံကို ဒေါင်းလုဒ်ဆွဲယူနိုင်ပါသည်။