၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ HDP Nexus 5W အတွက် ပြည်နယ်/တိုင်းဒေသကြီးအလိုက် မြေပုံများအပြင် အခြားဒေသများဖြစ်သည့် အပူပိုင်း ဒေသနှင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း မြေပုံများကိုလည်း ထုတ်ပြန်လိုက်ပါသည်။ မြေပုံတစ်ခုချင်းစီတွင် မြို့နယ်အဆင့် အစီရင်ခံတင်ပြထားသော အဖွဲ့အစည်းအရေအတွက်နှင့်အတူ ကဏ္ဍအလိုက်နှင့် အဖွဲ့အစည်းအမျိုးအစားအလိုက် ခွဲခြမ်းစိတ်ဖြာချက်များပါ ဖော်ပြထားပါသည်။ မြေပုံများအားလုံးကို MIMU ဝက်ဘ်ဆိုက်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။
News
What does a basic basket of goods cost in your area of operation? Which townships are facing the most severe market disruptions? For answers to these questions and more, explore the new Joint Market Monitoring Initiative (JMMI) interactive dashboard, now available on the MIMU website.
The dashboard gives partners a powerful way to explore market conditions and support operational decision-making. Users can filter by township or state/region, track commodity and basket prices over time, examine market functionality scores, and understand access and security conditions.
The JMMI is coordinated through the Cash and Markets Working Group (CMWG) and is designed on the basis of collaboration, with over 25 data collection partners and supplementary WFP price monitoring data. JMMI resources are all available on the MIMU website. If you are interested in learning more or contributing to the initiative, please reach out to the CMWG via [email protected].
Are you a creative individual who cares about the impact of landmines on your community? Mine Free Myanmar is inviting everyone to take part in their 4th Nationwide Art Contest on the theme “The Impact of antipersonnel landmines on my community”. Artwork can be in any medium, static art, computer graphics, video, music or any other format, and in any language used in Myanmar. Entries are welcome across Adult and Youth (over 17) categories. Submissions open 4 April 2026, International Mine Action Day, and close 21 September 2026, International Peace Day. Send your work to [email protected] or visit the facebook page for details.
Mpox (monkeypox) နှင့် ပတ်သက်သော အရင်းအမြစ် အမျိုးမျိုးကို Health Cluster page ၏ RCCE (Risk Communication & Community Engagement) အခန်းကဏ္ဍတွင် ထည့်သွင်းထားပါသည်။
ဤအရင်းအမြစ်များတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်သော အချက်အလက်စာရွက်များနှင့် မီဒီယာကတ်များ ပါဝင်ပါသည်။
မကြာခဏမေးလေ့ရှိသော မေးခွန်းများနှင့် ထပ်မံအချက်အလက်များအတွက် WHO Myanmar websiteသို့ သွားရောက်ကြည့်ရှုနိုင်ပါသည်။
Pcode ဗားရှင်း ၉.၅နှင့်အညီ အပ်ဒိတ်ပြုလုပ်ထားသော MIMU ကျေးရွာအဆင့် တိုင်းနှင့်ပြည်နယ်မြေပုံများကို ယခုအခါ MIMU ဝဘ်ဆိုဒ်၏ GIS အရင်းအမြစ်များ စာမျက်နှာတွင် ရရှိနိုင်ပါပြီ။
Health Cluster မှ လုပ်ဖော်ကိုင်ဖက်များ၏ လက်ရှိတုံ့ပြန်မှုကို အထောက်အပံ့ပြုလုပ်ရန်အတွက်၊ MIMU မှ Health Cluster စာမျက်နှာပေါ်တွင် Acute Watery Diarrhea (AWD) နှင့် Cholera နှင့်သက်ဆိုင်သော အရင်းအမြစ်များအတွက် သီးသန့်ကဏ္ဍတစ်ခုကို ပြုလုပ်ထားသည်။
ဤအရင်းအမြစ်များတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် UNICEF မှ စာရွက်စာတမ်းများ၊ အသံဖိုင်များ၊ ဗီဒီယိုဖိုင်များပါရှိပြီး Cholera နှင့် AWD ကာကွယ်ခြင်းဆိုင်ရာ အရေးပါသောအချက်အလက်များအပြင် ရေကြီးနေစဉ်နှင့် အပြီးတွင် ဘေးကင်းရေး လမ်းညွှန်ချက်များကို ထည့်သွင်းထားပါသည်။
ဤအကြောင်းအရာများကို Health Cluster စာမျက်နှာ၊ Health Sector စာမျက်နှာနှင့် ၂၀၂၄ မုတ်သုံ ရေကြီးခြင်းဆိုင်ရာ စာမျက်နှာများတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
စျေးကွက်လေ့လာဆန်းစစ်ရေးယူနစ် (MAU) သည် မကြာသေးမီက ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် အရှေ့တောင်ပိုင်းတို့ကို လွှမ်းခြုံထားသော စျေးကွက်ပေါက်ဈေးအချက်အလက်နှင့် စျေးကွက်လုပ်ဆောင်နိုင်စွမ်း၊ လှုပ်ရှားမှု၊ ထောက်ပံ့ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အစီရင်ခံစာများကို ထုတ်လုပ်ထားသည်။
MIMU မှ ပထမဆုံး Viber ချန်နယ် "MIMU Community" ကို စတင်လိုက်ပြီဖြစ်သည်။ ဤမြန်မာဘာသာဖြင့် ချန်နယ်သည် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှု၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ သရုပ်ဆောင်များအား ပံ့ပိုးကူညီရန်အတွက် ပုံမှန်အပ်ဒိတ်များကို တင်ဆက်ပေးမည်ဖြစ်သည်။ ၎င်းတွင် MIMU မှ ထုတ်လုပ်ထားသော ထုတ်ကုန်များနှင့်အတူ မိတ်ဖက်အဖွဲ့အစည်းများမှ မြန်မာနိုင်ငံဆိုင်ရာ ဒေတာ၊ မြေပုံများ၊ ပုံနှိပ်ထုတ်ဝေမှုများ၊ အရင်းအမြစ်များနှင့် အလုပ်အကိုင် လစ်လပ်နေရာများ ပါဝင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် MIMU ၏ ဘာသာစကားများပြ မြေပုံတွင် သရုပ်ဖော်ထားသည့် အတိုင်း ဘာသာစကားပေါင်း တစ်ရာခန့် နှင့်အတူ တိုင်းရင်းသား လူမျိုးများ စုံလင် ကွဲပြား မှု အတွက် လူသိများသော နိုင်ငံဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးခံစားခွင့်ရှိသူများ နှင့် ထိရောက်စွာ ထိတွေ့ဆက်ဆံနိုင်ရေးအတွက် ဤ အချက် ကို အသိအမှတ်ပြု ရန် အရေးကြီးပါသည်။
နှစ်များတစ်လျှောက်တွင် MIMU သည် ကျန်းမာရေး၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု၊ COVID-19 တုံ့ပြန်မှု၊ သဘာဝဘေးအန္တရာယ်နှင့် ဆိုင်ကလုန်းကြိုတင်ပြင်ဆင်မှု/တုံ့ပြန်မှုစသည့် ခေါင်းစဉ်အကြောင်းအရာများကို တိုင်းရင်းသားဘာသာစကားများဖြင့် အသိပညာပေး၊ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေး (IEC) စာရွက်စာစောင်များ များကို စုဆောင်းခဲ့သည်။ အဖွဲ့အစည်းအမျိုးမျိုးမှ ပံ့ပိုးပေးထားသည့် ဤသင်ထောက်ကူများ၊ ပိုစတာများ၊ သရုပ်ဖော်ပုံများ၊ လက်စွဲစာအုပ်များအပြင် အသံ/ဗီဒီယိုဖိုင်များလဲ ပါဝင်သည်။
၂၀၂၃ ခုနှစ် သြဂုတ်လအထိ၊ MIMU website ပေါ် တွင် တိုင်းရင်းသားဘာသာစကား ၂၄ မျိုးဖြင့် ဖိုင်ပေါင်း ၂၅၀ ကျော် ရှိနေပါသည်။ ဤစာမျက်နှာ သည် တိုင်းရင်းသား လူထု အတွက် ပိုမို ထိရောက် သည့် အချက်အလက် စာစောင် များကို ဖန်တီးရန် လှုံ့ဆော်ပေး သည့် အပြင် အလွယ်တကူ ဝင်ရောက်လေ့လာနိုင်သော နေရာ တစ်ခုဖြစ်ရန် လည်း ရည်ရွယ်ပါသည်။
United Nations Development Programme (UNDP) Myanmar website ရှိ Myanmar Information Management Unit (MIMU) စာမျက်နှာကို ယခု ထုတ်လွှင့်ထားပြီး MIMU ၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် အောင်မြင်မှုများကို ပြသထားသည်။ MIMU ကို UNDP ၏ စီမံခန့်ခွဲရေး အထောက်အပံ့ဖြင့် ၂၀၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် MIMU အား UNDP ၏ စီမံကိန်းအစုအဝေးတွင် ပိုမိုနီးကပ်စွာ ပေါင်းစည်းခဲ့ပြီး MIMU ၏ သတင်းအချက်အလက် စီမံခန့်ခွဲမှုစွမ်းရည်နှင့် UNDP ၏ မြန်မာ့ဖွံ့ဖြိုးတိုးတက်မှု စောင့်ကြည့်လေ့လာရေး (MDO) တို့အကြား ပေါင်းစည်းမှုနှင့် ဖြည့်စွက်မှုတို့ကို သက်ရောက်စေပါသည်။ ဤပေါင်းစည်းမှုသည် ကျယ်ပြန့်သော အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ပြီး ဆန်းသစ်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အခြေခံပြီး နိုင်ငံတစ်ဝှမ်း၊ ကဏ္ဍပေါင်းစုံချဉ်းကပ်မှုများဖြင့် ပိုမိုကောင်းမွန်သော ဖြတ်ချက်ချခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့ကို ပံ့ပိုးပေးရန် လူသားချင်းစာနာထောက်ထားမှု-ဖွံ့ဖြိုးတိုးတက်ရေး-ငြိမ်းချမ်းရေး ချိတ်ဆက်မှုအတွက် ပေါင်းစပ်ပံ့ပိုးမှုများကို တိုးမြှင့်ရန် ရည်ရွယ်ပါသည်။
- ‹ previous
- 3 of 8
- next ›





