ဓာတ်ပုံတစ်ပုံဟာ စကားလုံးပေါင်း ထောင်ချီထက် ပိုပြီး ထိရောက်သေချာပါတယ်။ Mine Free Myanmar အနေဖြင့် မြေမြှုပ်မိုင်းများ၏ သက်ရောက်မှုနှင့် ထိခိုက်ဒဏ်ရာများနှင့်အတူ လိုက်လျောညီထွေ ရှင်သန်နေပုံကို ဖမ်းယူဖော်ပြနိုင်သည့် အားကောင်းသော ဓာတ်ပုံများကို ရှာဖွေလျက်ရှိပါသည်။
တင်သွင်းရန် လမ်းညွှန်ချက်များ
- သဘောတူ ခွင့်ပြုချက် (informed consent) ရယူထားရန် မဖြစ်မနေ လိုအပ်ပါသည်။
- ဓာတ်ပုံတွင် မြေမြှုပ်မိုင်း ထိခိုက်ဒဏ်ရာရရှိထားသူ တစ်ဦးက ၎င်း၏ နေအိမ်၊ လယ်ယာ သို့မဟုတ် ရပ်ရွာအတွင်း နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေပုံကို ရှင်းလင်းစွာ ဖော်ပြထားရပါမည်။
- ဇာတ်ကြောင်းကို ဓာတ်ပုံတစ်ပုံတည်းဖြင့်ဖြစ်စေ၊ အများ ဖြင့် ဖြစ်စေ တင်ပြနိုင်ပါသည်။
- ဓာတ်ပုံများ သည် တက်ကြွသက်ဝင်မှုရှိရမည်ဖြစ်ပြီး ငြိမ်သက်တည်ငြိမ်နေသော ပုံစံမျိုး မဖြစ်စေရပါ။
- ဓာတ်ပုံနှင့်အတူ ရှင်းလင်းဖော်ပြချက် စာပိုဒ်တစ်ပိုဒ် ပူးတွဲတင်ပြနိုင်ပါသည်။
သင့်တင်သွင်းလွှာကို [email protected] သို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထား၍ ပေးပို့ပါ။ အသေးစိတ် သိရှိလိုပါက Mine Free Myanmar ၏ Facebook စာမျက်နှာ သို့ ဝင်ရောက်ကြည့်ရှုပါ။
