MIMU သုံးစွဲသူစစ်တမ်းအရ အင်တာနက်ဆက်သွယ်မှုသည် ယခင်ကထက် ပိုမိုကောင်းမွန်လာသောကြောင့် MIMU offline ဝက်ဘ်ဆိုဒ် DVD ကို ဖြန့်ဝေတော့မည်မဟုတ်ပါ။ လူကြီးမင်းအနေနှင့် ၄င်းအား ရယူလိုပါက [email protected] မှတစ်ဆင့် တောင်းဆိုနိုင်ပါသည်။
News
လူကြီးမင်း၏ Outlook အ၀င်စာ အရောင်ကုဒ်အတွက်MIMU ၏ ရိုးရှင်းသော လမ်းညွှန်ချက်သည် ရောက်ရှိလာသည့် စာများကို ထိထိရောက်ရောက် စီမံခန့်ခွဲရန် ကူညီပေးနိုင်သည်။ ၎င်းကို တည်ဆောက်ရန် တစ်မိနစ်ခန့်သာ ကြာပြီး ချက်ချင်း အလုပ်လုပ်သည်။ အဆင့်များကို ပြောင်းပြန် လုပ်ဆောင်ခြင်းဖြင့် ၄င်းကို ဖျက်သိမ်းနိုင်သည်။ (၁) သင့်ကို တစ်ဦးတည်းပို့သောစာ နှင့် (၂) သင်နှင့် အခြားသူများထံသို့ ပို့သောစာအတွက် ကွဲပြားသောအရောင်များကို ထပ်မံဖြည့်စွက်ပြီး သင့်ကို cc ပေးသော စာများကို မူရင်း အမဲရောင်အတိုင်း ချန်ထားနိုင်သည်။ https://themimu.info/RefDoc_Outlook_Setting_to_Identify_Emails_with_Color_MIMU.pdf မှတဆင့် ကြည့်ရှုနိုင်ပါသည်။
Tableau ဖောင်ဒေးရှင်းမှ ဆော့ဖ်ဝဲနှင့် လေ့ကျင့်သင်ကြားမှုများကို ရက်ရက်ရောရော လှူဒါန်းပေးခဲ့သောကြောင့် MIMUသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာရေးနှင့် ငြိမ်းချမ်းရေးကို ဦးတည်သည့် လုပ်ဆောင်မှုများအား ထောက်ပံ့ပေးသည့် ဒတ်ရှ်ဘုတ် (dashboard)များ ဆက်လက် ပံ့ပိုးသွားနိုင်သည့်အတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့၏ Tableau Dashboards အချို့ကို 3W ကျေးရွာအုပ်စု ဒတ်ရှ်ဘုတ် Myanmar 3W Village Tract Dashboard နှင့် မြန်မာနိုင်ငံ၏ ထိခိုက်လွယ်မှုအခြေအနေ လေ့လာသုံးသပ်မှု ဒတ်ရှ်ဘုတ် Vulnerability Study in Myanmar Dashboard မှတဆင့် ကြည့်ရှုနိုင်ပါသည်။
ဘုန်းတော်ကြီးသင်ပညာရေး ဒတ်ရှ်ဘုတ် (Dashboard) The Monastic Education Dashboard သည် သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာန၊ သာသနာမြှင့်တင်ရေးနှင့် ပြန့်ပွားရေးဦးစီးဌာနမှ မျှဝေထားသော သတင်းအချက်အလက်များအရ မြန်မာနိုင်ငံရှိ ဘုန်းတော်ကြီးသင်ပညာရေးကို အပြန်အလှန် ကြည့်ရှု လေ့လာနိုင်စေမည် ဖြစ်သည်။ ပြည်နယ် / တိုင်း ဒေသကြီးနှင့် မြို့နယ်အဆင့်တွင် ၂၀၁၄ မှ ၂၀၁၈ အထိ ကျောင်းအရေအတွက်၊ ကျောင်းသားနှင့် ဆရာအရေအတွက် စသည့် သတင်းအချက်အလက်များကို ဒတ်ရှ်ဘုတ်မှ ဖော်ပြပေးနိုင်သည်။
ရောက်ရှိရန် ခက်ခဲသော နယ်မြေဒေသများရှိ MIMU မြေပုံများနှင့် ရောင်ခြယ်ဖိုင်ပုံများကို MIMU ဝက်ဘ်ဆိုဒ်တွင် အောက်ပါလင့်ခ်များ မှတစ်ဆင့် ယခု ရရှိနိုင်ပါသည်။
- · ရောက်ရှိရန် ခက်ခဲသော နယ်မြေဒေသများ (အင်္ဂလိပ်) Hard to Reach Areas (English)
- · ရောက်ရှိရန် ခက်ခဲသော နယ်မြေဒေသများ (မြန်မာ) Hard to Reach Areas (Myanmar)
- · ၂၀၁၉ ခုနှစ် မေလ၊ ရောက်ရှိရန် ခက်ခဲသော မြို့နယ်များ(ရောင်ခြယ်ဖိုင်) Hard To Reach Towns May 2019 (Shapefile)
- · ၂၀၁၉ ခုနှစ် မေလ၊ ရောက်ရှိရန် ခက်ခဲသော ကျေးရွာအုပ်စု(ရောင်ခြယ်ဖိုင်) Hard to Reach Village Tract May 2019 (Shapefile)
MIMU နှင့် HARP-F မှ ပြင်ဆင်သော ကပေါင်းစုံ စားပွဲတင်ပြန်လည်သုံးသပ်မှု၏ စာရွက်စာတမ်းများ (မြန်မာဗားရှင်း)ကို MIMU ရုံးတွင် ရရှိနိုင်ပါသည်။ ၎င်းကိုလည်း MIMU ဝက်ဘ်ဆိုဒ်မှ http://themimu.info/ country-overview- အောက်ရှိ http://themimu.info/vulnerability-in-myanmar တွင် ဒေါင်းလုပ် လုပ်နိုင်ပါသည်။
အများပြည်သူများ ရရှိနိုင်သော အချက်အလက်များနှင့် သတင်းအချက်အလက်များကို အသုံးပြု၍ ထိရောက်သော အစီအစဉ်များနှင့် မူဝါဒများ၏ ဒီဇိုင်းကို အထောက်အကူပြုရန်အတွက် တစ်နိုင်ငံလုံးရှိ မြို့နယ်များအကြား ကွဲပြားခြားနားမှုများနှင့် ကွာဟမှုများကို ထုတ်ဖော်ပြသခြင်းဖြင့် အချက်အလက်ဆန်းစစ်ခြင်း၌ ကွက်လပ်များ (လစ်ဟာနေမှုများ)ကို ဖြေရှင်းရန် ကြိုးစားထားပါသည်။
ဤအရာသည် မြန်မာနိုင်ငံရှိ ထိခိုက်လွယ်သော လူဦးရေများအား ထောက်ပံ့ရန် လူကြီးမင်း၏ အစီအစဉ်များနှင့် လုပ်ဆောင်မှုများကို အထောက်အကူပြုလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ သင်၏ စေတနာပါသော အကြုံပြုချက်များကို [email protected] မှတဆင့် မျှဝေနိုင်သည်။
မြန်မာနိုင်ငံမြေပုံများ ထုတ်လုပ်ရာတွင် အသုံးပြုသော ဒေတာအစုတစ်ခုသည် စိန့်မာတင်ကျွန်းကို မြန်မာနိုင်ငံ၏ ပိုင်နက်အဖြစ် မှားယွင်းစွာ ပြသခဲ့သလို ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံ၏ ရေကြောင်းနယ်နိမိတ်များကိုလည်း မတိမကျ ဖော်ပြထားခဲ့သည်။
လွဲမှားနေသော မြေပုံများကို MIMU ဝက်ဘ်ဆိုဒ်မှ ဖယ်ရှားပြီး ဖြစ်ပါသည်။ ပြန်လည်ပြင်ဆင်ပြီးသည်နှင့် ၄င်းမြေပုံများကို ပြန်လည် တင်ပေးထားမည် ဖြစ်သည်။ အခြားမြေပုံများသည် ရရှိနိုင်သော အချက်အလက်များအရ မှန်ကန်လျက်ရှိပါသည်။ ဤသို့ အဆင်မပြေမှုများ ဖြစ်ပေါ်ရသည့်အတွက် တောင်းပန်ချင်ပါသည်။ နောက်ဆုံးပြင်ဆင် မွမ်းမံထားသော အရောင်ချယ်ဖိုင်များကို လာမည့်ရက်များအတွင်း ထုတ်ပေးနိုင်ပါလိမ့်မည်။
ပြည်နယ်/တိုင်းနှင့် မြို့နယ် အချက်အလက်များအား http://themimu.info/mimu-township-profiles-dashboard တွင် ကြည့်ပါ။
ဤဒတ်ရှ်ဘုတ်တွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအ၀င် ရင်းမြစ်အမျိုးမျိုးမှ အချက်အလက်များအပေါ် အခြေခံ၍ မြို့နယ်အဆင့်အထိ ကအလိုက်၊ နယ်မြေအလိုက် စာရင်းအင်းများကို အပြန်အလှန်ကြည့်ရှုနိုင်ပါသည်။ လူကြီးမင်း၏ တုန့်ပြန်အကြံပြုချက်များကို [email protected] မှတစ်ဆင့် ကြိုဆိုပါသည်။
ကျွန်ုပ်တို့၏ မြန်မာနိုင်ငံရှိ ကျား၊ မရေးရာတန်းတူညီမျှမှုဆိုင်ရာ ဂရပ်ဖစ်အချက်အလက်အသစ် (အင်္ဂလိပ်ဗားရှင်း) Infographic on Gender Equality in Myanmar (English Version) နှင့် မြန်မာနိုင်ငံရှိ ကျား၊ မရေးရာတန်းတူညီမျှမှုဆိုင်ရာ ဂရပ်ဖစ်အချက်အလက်အသစ်(မြန်မာဗားရှင်း) Infographic on Gender Equality in Myanmar (Myanmar Version) ကို ယခုအခါ ရရှိနိုင်ပါသည်။၎င်းတို့သည် လက်ရှိ ကိုယ်စားပြုမှုဆိုင်ရာ အခြေအနေ၊ ပညာရေး၊ စာတတ်မြောက်မှုနှင့် အလုပ်အကိုင်ဆိုင်ရာ တန်းတူညီမျှမှုအခြေအနေနှင့် နယ်မြေဒေသအလိုက် နှိုင်းယှဉ်ထားသော မိခင်သေဆုံးမှုဆိုင်ရာ ကိန်းဂဏန်းများကို တစ်စေ့တစ်စောင်း သုံးသပ်ထားခြင်းဖြစ်သည်။
စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များကို ယခုအခါ http://themimu.info/sdg မှတဆင့် ရရှိနိုင်ပါသည်။
- ‹ previous
- 8 of 8
