News

ဘာသာစကား ကြွယ်ဝရေးအစီအစဉ် Language Enrichment Programme (LEP) သည် အားကောင်းသော  မြန်မာစာပရိုဂရမ်တစ်ခုဖြစ်ပြီး မြန်မာဘာသာရပ်အတွက် မူလတန်းအဆင့် စာစောင်များကို ဖြည့်စွက်ထားသည်။ ၄င်းတို့ကို ကျောင်းသားများ၏ အဓိကစွမ်းရည်လေးမျိုးဖြစ်သည့် စကားပြောခြင်း၊ နားထောင်ခြင်း၊ စာဖတ်ခြင်းနှင့် အရေးအသားအတွက် ပိုမိုကျွမ်းကျင်စေရန် ဒီဇိုင်းထုတ်ထားသည်။ဤပညာရေးဆိုင်ရာ အရင်းအမြစ်များကို ဖြန့်ဝေပေးနိုင်ပါသည်။

Community Strengthening Project (CSP) သည် USAID မှ ထောက်ပံ့သော ရပ်ရွာအသိုင်းအဝိုင်း အားကောင်းစေရေး စီမံကိန်း၏ ထုတ်ကုန်တစ်ခု ဖြစ်ပြီး အမြတ်အစွန်းမယူသော ကမ္ဘာလုံးဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခ တည်နေရာနှင့် အဖြစ်အပျက် ဒေတာများ (ACLED) စီမံကိန်း၏ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းရင်းမြစ်များမှ ပဋိပက္ခဖြစ်ရပ်များကို အပတ်စဉ် စုစည်းထားခြင်းဖြစ်သည်။ အသုံးပြုသူများသည် မြန်မာနိုင်ငံရှိ ဖြစ်ရပ်များကို အမျိုးအစား၊ နေ့စွဲ၊ အဓိက ပါဝင်လှုပ်ရှားသူများနှင့် မြို့နယ်အဆင့်အထိ တည်နေရာ အမျိုးမျိုးဖြင့် စိစစ်နိုင်သည်။ ဤကိရိယာ၏ လင့်ခ်ကို MIMU နိုင်ငံ၏ ခြုံငုံသုံးသပ်ချက် စာမျက်နှာ MIMU Country Overview page တွင် တွေ့နိုင်သည်။

မြန်မာနိုင်ငံတွင် အသက်ငါးနှစ်အောက် ကလေး ၄၅ ရာခိုင်နှုန်းခန့်သည် ဖွံ့ဖြိုးမှုနှောင့်နှေးမှုနှင့် ကြုံတွေ့ရနိုင်ပြီး ECI ၀န်ဆောင်မှုကို စောလျှင်စွာ ရရှိပါက ဖွံ့ဖြိုးမှုနှောင့်နှေးသော ကလေး ၇၀ ရာခိုင်နှုန်းသည် အသက် ၃ နှစ်မတိုင်မီ ပုံမှန် ဖွံ့ဖြိုးမှုအဆင့်သို့ ရောက်ရှိနိုင်သည်။ ECI စနစ်သည် အသက် ၅ နှစ်အောက် ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အမျိုးသားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကဲဖြတ်ခြင်းနှင့် ကလေးသူငယ်များတွင် အစောပိုင်း ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခြင်းကို ဖော်ထုတ်ခြင်းအားဖြင့် ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည်။

MIMU ဝက်ဘ်ဆိုက်၏ ရှေးဦးအရွယ်ကလေးသူငယ် ဘဝစောင့်ရှောက်မှု နှင့်ဖွံ့ဖြိုးရေး အရင်းအမြစ်များ စာမျက်နှာအသစ် Early Childhood Care & Development Resources Page သည် အဘယ်ကြောင့် မြန်မာနိုင်ငံသည် ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးရေးတွင် ရင်းနှီးမြှုပ်နှံသင့်သနည်း Why should Myanmar Invest in Early Childhood Intervention နှင့် အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးမှုဆိုင်ရာ မဟာဗျူဟာစီမံကိန်း National Strategic Plan for Early Childhood Intervention နှင့် ပတ်သက်၍ တန်ဖိုးရှိသော သတင်း အချက်အလက်များ ပါရှိသည် (brief အကျဉ်းချုပ် ရရှိနိုင်ပါသည်)။ ဤစာဖတ်စရာများအား မြန်မာ ဘာသာနှင့် အင်္ဂလိပ်ဘာသာဖြင့် ရရှိနိုင်ပါသည်။

ဤအရေးကြီးသော အရင်းအမြစ်များကို ၎င်းတို့အား အသုံးပြုနိုင်သူများနှင့် ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးပါ။

MIMU သည် IFES နှင့် ပူးပေါင်း၍ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့်ပြည်နယ် / တိုင်းဒေသကြီး အဆင့်များအတွက် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များကို မြေပုံထုတ်ခဲ့သည်။ အသစ်ဖြန့်ချိလိုက်သည့် အရာမှာ ၂၀၁၀-၂၀၁၈ ကာလအတွက် ကျယ်ပြန့်သော မြန်မာနိုင်ငံဆိုင်ရာ ရွေးကောက်ပွဲများ မြေပုံစာအုပ် ဖြစ်သည်။ ဤမြေပုံများနှင့် အခြားရွေးကောက်ပွဲနှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို MIMU ၏ Myanmar Elections Webpage တွင် တွေ့နိုင်ပါသည်။

ကျွန်ုပ်တို့၏ လူသိများသော မြေမြှုပ်မိုင်းဖြန့်ကျက်တည်ရှိရာမြို့နယ်များ၏ မြေပုံနှင့် ထိခိုက်သေဆုံးမှုများဆိုင်ရာ အင်ဖိုဂရပ်ဖစ်အချက်အလက်များကို ၂၀၁၉ခုနှစ်အတွက် အသစ်ပြုပြင်ခဲ့သည်။ ၎င်းကို အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းတားဆီးရေး လှုပ်ရှားမှု (ICBL) နှင့် ပူးပေါင်း၍ ဖန်တီးခဲ့သည်။ စာရွက်စာတမ်းများတွင် ၂၀၀၇-၂၀၁၉ ခုနှစ် ကာလများအတွက် ထိခိုက်ဒဏ်ရာရမှု ဖြစ်စဉ်များအတွင်း အစီရင်ခံတင်ပြထားသည့် ထိခိုက်သေဆုံးမှုများ၊ ပေါက်ကွဲနိုင်သော ပစ္စည်းအမျိုးအစားများနှင့် အစီရင်ခံတင်ပြထားသည့် လုပ်ငန်းဆောင်ရွက်ချက်များ ပါဝင်သည်။ ၎င်းတို့ကို မြန်မာ / အင်္ဂလိပ်နှစ်ဘာသာဖြင့် အောက်တွင် ရရှိနိုင်သည်။

၂၀၂၀၊ စက်တင်ဘာလတွင် MIMU သည် MIMU COVID-19 ဝက်ဘ်စာမျက်နှာနှင့် ယင်း၏ ပါ၀င်မှုနှင့် အသုံးပြုမှုကို ပိုမိုနားလည်ရန် ၂မိနစ်ကြာ စစ်တမ်းတစ်ခုကို ပြုလုပ်ခဲ့သည်။ နှစ်မိနစ်ကြာ စစ်တမ်း ကောက်ယူခြင်းတွင် ပါ၀င်ခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ပါသည်။ သင်၏ ဖြေကြားချက်များသည် MIMU COVID-19 ဝက်ဘ်စာမျက်နှာ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုပါလိမ့်မည်။ ဤနေရာတွင် here အကျဉ်းချုပ်အပြည့်အစုံကို ရှာတွေ့နိုင်ပါသည်။

မြန်မာနိုင်ငံရှိ တရားဝင် ဖွင့်လှစ်ထားသော ကျောင်းတည်နေရာများ (အခြေခံပညာရေး)ကို အောက်တိုဘာ ၂၀၁၉တွင် MIMU ဝက်ဘ်ဆိုဒ်တွင် http://geonode.themimu.info/layers  မှတဆင့် ပြင်ဆင်မွမ်းမံထားပါသည်။ ဤအချက်အလက်စာရင်းတွင် တစ်နိုင်ငံလုံးရှိ ကျောင်းပေါင်း ၄၆၀၀၀ ကျော် ပါဝင်သည်။

ဤမြေပုံထုတ်ကိရိယာ mapping tool သည် ပြည်နယ် / တိုင်းဒေသကြီးနှင့် မြို့နယ်များရှိ Excel စာရင်းဇယားများမှ အချက်အလက်များကို နှိုင်းယှဉ်နိုင်ရန်အတွက် ရိုးရှင်းသော 'အပူမြေပုံ' ကို ပြင်ဆင်ရန် MIMU နေရာသင်္ကေတကုဒ်များကို အသုံးပြုသည်။ ၎င်းသည် MIMU Baseline Dataset ကဲ့သို့သော ပိုမိုကြီးမားသည့် နိုင်ငံ့ဒေတာအစုများမှ ကွဲပြားခြားနားသော ညွှန်းကိန်းများကို နှိုင်းယှဉ်နိုင်ပြီး ကွဲပြားသောဒေသများမှ အေဂျင်စီများ၏ ကိုယ်ပိုင်သတင်းအချက်အလက်နှင့်လည်း အသုံးပြုနိုင်ပါသည်။

Excel မြေပုံကိရိယာအသစ် (ဗားရှင်း 2.0) new Excel Mapping Tool (version 2.0) သည် မြေပုံများပြုလုပ်ရန် Excel တွင် ထည့်သွင်းထားသော အင်္ဂါရပ်များကို သုံးမည့်အစား Leaflet JavaScript library ကို မိတ်ဆက်ပေးသည်။ ရလဒ်ကို ကြည့်ရှုရန် browser (ဥပမာ Firefox သို့မဟုတ် Google Chrome) လိုအပ်ပါသည်။


အမျိုးသားအဆင့်မှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအဆင့်အထိ အုပ်ချုပ်ရေးနယ်နိမိတ်၏ အရောင်ခြယ်ဖိုင်များကို နေရာသင်္ကေတကုဒ်(Pcode)ဗားရှင်း ၉.၂ သို့  မွမ်းမံထားပါသည်။ ကျေးရွာများနှင့်မြို့များကိုလည်း ဗားရှင်း ၉.၂ တွင် ရရှိနိုင်ပါသည်။ SAZ / SAD ၏ အရောင်ခြယ်ဖိုင်များကိုလည်း ပြင်ဆင်မွမ်းမံထားပါသည်။ ၎င်းတို့ကို  MIMU ဝက်ဘ်ဆိုဒ် ဤနေရာတွင် here ရရှိနိုင်ပါသည်။

ဒတ်ရှ်ဘုတ်(Dashboard) ကို MIMU-HARP လူသားချင်း စာနာထောက်ထားမှု အကူအညီနှင့် ပြန်လည် ထူထောင်နိုင်စွမ်း ထောက်ပံ့မှု အစီအစဉ် (HARP-F) အစီရင်ခံစာမှ  ထိခိုက်လွယ်မှုအညွှန်းကိန်းကို အခြေခံ၍ ၂၀၁၄-၂၀၁၆ ကာလအတွင်း အမျိုးသားအဆင့် အချက်အလက်များနှင့် မြို့နယ်အဆင့်ရှိ သတင်း အချက် အလက်များကို စားပွဲတင်ပြန်လည်သုံးသပ်ခြင်းနှင့် ဆန်းစစ်ခြင်းမှတဆင့် မြန်မာနိုင်ငံတစ်ဝှမ်း ထိခိုက်လွယ်မှုအခြေအနေကို ထည့်သွင်းစဉ်းစားထားသည်။

၎င်းသည် မြို့နယ်အဆင့်တွင် ကအလိုက် လေ့လာသုံးသပ်ချက်နှင့်အတူ လိုအပ်နေမှုများ၊ လွှမ်းခြုံပေးနိုင်မှု တိုင်းအတာနှင့် ကွာဟချက်များအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အချက်အလက်များအပေါ် ဆင့်ပွား ပြန်လည် သုံးသပ်ထားခြင်းဖြစ်သည်။ ၎င်းကို http://themimu.info/vulnerability-dashboard တွင် ကြည့်ရှု နိုင်သည်။