မြန်မာနိုင်ငံရှိ စားနပ်ရိက္ခာစျေးနှုန်းနှင့် ဈေးကွက်အခြေအနေများကို စောင့်ကြည့်လေ့လာနိုင်သည့် အရင်းအမြစ် နှစ်ခု

မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာနှင့် ဈေးကွက်အခြေအနေနှင့် ပတ်သက်၍ မိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ရာတွင် အထောက်အကူပြုနိုင်သည့်၊ ပုံမှန်အသစ်တင်ပေးလျက်ရှိသော အရင်းအမြစ် နှစ်ခုကို မိတ်ဆက်ပေးလိုပါသည်။

Joint Market Monitoring Initiative (JMMI) သည် တစ်ပြေးညီ အသုံးပြုသည့် နည်းလမ်းကိရိယာများဖြင့် လစဉ် အချက်အလက်ကောက်ယူကာ ဈေးကွက်လည်ပတ်နိုင်စွမ်းနှင့် စျေးနှုန်းအပြောင်းအလဲများကို စောင့်ကြည့်လေ့လာလျက်ရှိပါသည်။ ၎င်း၏ Dashboard တွင် စားနပ်ရိက္ခာ၊ စားသောက်ကုန်မဟုတ်သော ပစ္စည်းများ (NFI) နှင့် WASH ပစ္စည်းများ၏ မြို့နယ်အဆင့် စျေးနှုန်းများကို ဈေးကွက်လည်ပတ်နိုင်စွမ်း အမှတ်များ (Market Functionality Scores)၊ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးအခြေအနေများနှင့်အတူ ဖော်ပြထားပါသည်။ ၂၀၂၆ ခုနှစ် ဧပြီလ အကြိမ်တွင် မြို့နယ်ပေါင်း ၁၄၅ မြို့နယ်ကို လွှမ်းခြုံထားပြီး ဈေးသည် ၆၆၉ ဦးအား တွေ့ဆုံမေးမြန်းမှုများအပေါ် အခြေခံထားကာ၊ Cash and Markets Working Group (CMWG) မှ ညှိနှိုင်းဆောင်ရွက်သော အချက်အလက်ကောက်ယူရေး မိတ်ဖက်အဖွဲ့အစည်း ၂၅ ဖွဲ့ကျော်၏ ပါဝင်ဆောင်ရွက်မှုနှင့် WFP ၏ စျေးနှုန်းစောင့်ကြည့်လေ့လာရေး အချက်အလက်များဖြင့် ဖြည့်စွက်ထားပါသည်။

Dashboard ကို ဤနေရာတွင် လေ့လာကြည့်ရှုနိုင်ပါသည်။

ဤအပြောင်းအလဲများ၏ နောက်ကွယ်ရှိ အကြောင်းရင်းများကို ပိုမိုနက်ရှိုင်းစွာ လေ့လာလိုပါက IFPRI ၏ လစဉ် စားနပ်ရိက္ခာစျေးနှုန်း အစီရင်ခံစာ (Monthly Food Price Report) သည်လည်း အသုံးဝင်သော အရင်းအမြစ်တစ်ခု ဖြစ်ပါသည်။ ၂၀၂၆ ခုနှစ် ဧပြီလထုတ် အစီရင်ခံစာတွင် ဆန်စျေးနှုန်း သိသိသာသာ မြင့်တက်လာခြင်း (ယခင်လထက် ၈.၉ ရာခိုင်နှုန်း မြင့်တက်)၊ တိရစ္ဆာန်ထွက် စားနပ်ရိက္ခာများ၏ စျေးနှုန်းများ ယခင်နှစ်ထက် ဆက်လက်မြင့်တက်နေခြင်းနှင့် လောင်စာဆီနှင့် မြေဩဇာ ထောက်ပံ့ရေးဆိုင်ရာ ပေါ်ပေါက်လာနိုင်သည့် အန္တရာယ်များကို အလေးပေး ဖော်ပြထားပါသည်။

အစီရင်ခံစာ အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။