သင့်အဖွဲ့အစည်းများမှ တာဝန်ခံများထံ မကြာသေးမီက ပြီးစီးခဲ့သော၊ ဆောင်ရွက်ဆဲဖြစ်သော နှင့် စီစဉ်ထားသော ဆန်းစစ်ချက်များနှင့် ထုတ်ဝေမှုများ၏ မှတ်တမ်းများကို တင်သွင်းပေးနိုင်ရန် ကျွန်ုပ်တို့ ဆက်သွယ်လျက်ရှိပါသည်။ ဤလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာနှင့် ဖွံ့ဖြိုးရေးအသိုက်အဝန်းရှိ သင့်ကဲ့သို့သော အဖွဲ့အစည်းများအား သတင်းအချက်အလက် စုဆောင်းရေးဆိုင်ရာ ဆောင်ရွက်ချက်များ၏ အခြေအနေကို ပိုမိုနားလည်နိုင်စေရန်နှင့် အစီအစဉ်များ၊ ရလဒ်များ၊ နည်းစနစ်များ၊ ဒေတာများနှင့် ကျွမ်းကျင်မှုများကို မျှဝေနိုင်စေရန် အထောက်အကူ ဖြစ်စေပါမည်။ ဤအခွင့်အလမ်းကို အသုံးပြု၍ သင့်ထုတ်ဝေမှုများကို MIMU ဝက်ဘ်ဆိုက်မှတစ်ဆင့် ပိုမိုကျယ်ပြန့်သော အသိုက်အဝန်းသို့ ဖြန့်ဝေနိုင်ပါသည်။
အသေးစိတ်အချက်အလက်များအတွက် သင့်ဒေတာထည့်သွင်းမှု ပြင်ဆင်ခြင်းဆိုင်ရာ အသေးစိတ်အဆင့်များ ပါဝင်သည့် လမ်းညွှန်စာအုပ် ကို လေ့လာကြည့်ပါ။ အကူအညီ လိုအပ်ပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။

